မော်လမြိုင် ၊ မတ် (၃၁)

NCA စာချုပ်မှာ ပါဝင် လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်တွေရဲ့ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း)မှာ နိုင်ငံရေးလမ်းပြမြေပုံ ဆွေးနွေး အတည်ပြုမယ်လို့ PPST ပြောခွင့်ရ ရဲဘော်မျိုးဝင်းက ပြောပါတယ်။

အပစ်ရပ် ထိပ်သီးခေါင်းဆောင်တွေရဲ့ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယအပိုင်း)ကိုတော့ မတ်လ ၂၉ ရက်နေ့ကနေ ဧပြီ ၂ ရက်နေ့ထိ ငါးရက်တာ ကျင်းပသွားဖို့ စီစဉ်ထားတာပါ။

ဒီညီလာခံမှာတော့ အပစ်ရပ်အဖွဲ့တွေရဲ့ နိုင်ငံရေးလမ်းပြ မြေပုံ အပါအဝင် PPST ရဲ့ စုဖွဲ့မှု ပုံစံသစ်ဖြစ်ပေါ်လာဖို့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ် ၊ မဆွေးနွေးဘူးဆိုတဲ့ သဘောထားတွေကို အတည်ပြု ဆုံးဖြတ်သွားဖို့ စီစဉ်ထားတယ်လို့ PPST ပြောခွင့်ရ ရဲဘော်မျိုးဝင်းက ပြောပါတယ်။

အပစ်ရပ် ထိပ်သီးခေါင်းဆောင် ညီလာခံကိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ နိုင်ငံရေးဆွေးနွေးရာမှာ တန်းတူရည်တူ ဆွေးနွေးအဖြေရှာဖို့၊ ပြည်သူလူထုကို ကာကွယ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။

အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်များ ညီလာခံ(ပထမပိုင်း) ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလတုန်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.