ကလက္ကတား၊ ဇန်နဝါရီ ၈

အိန္ဒိယနိုင်ငံ၏ မြို့ကြီးများဖြစ်သည့် နယူးဒေလီ၊ မွန်ဘိုင်းနှင့် ကလက္ကတားမြို့များတွင် ကိုဗစ် ၁၉ ကူးစက်မှုများ မြင့်တက်လာသောအ‌ခြေအနေနှင့် ကြုံတွေ့‌နေရသော်လည်း ဆေးရုံ၌ ကုသခံယူမှု အခြေအနေမှာ ‌တဆက်တည်း မြင့်တက်လာခြင်းမရှိဘဲ လာမည့်ရက်များအတွင်း ဆင်ခြေဖုံးဒေသများ သို့ ကူးစက်နိုင်မည်ဟူသော အကြောက်တရားများသည်  ကြီးထွားလာလျှက် ရှိသည်။  

(ဇန်နဝါရီလ ၆) ရက်နေ့ ကြာသပ‌တေးနေ့အထိ အိန္ဒိယနိုင်ငံ၏ နေ့စဥ်ကူးစက်မှုမှာ ၉၀၉၂၈ ဦးအထိရှိပြီး လေးဆနီးပါးမြင့်တက်လာခဲ့ကာ အများစုမှာမြို့ကြီးများမှ ဖြစ်ကြသည်။ ကျန်းမာရေးအာဏာပိုင်များ အနေဖြင့်လည်း အိုမီခရွန် မျိုးကွဲ ဒယ်လ်တာမျိုးစိတ် အစားထိုးဝင်ရောက်ခဲ့ပြီးဟု ပြောကြားခဲ့သည်။ 

အာဏာပိုင်များ၏ ပြောကြားချက်အရ ရောဂါကူးစက်မှုအစုအဝေးများတွင် မည့်သည့် လက္ခဏာ ဖြစ် ပေါ်ခြင်းမရှိနိုင်သလို ပြင်းထန်မှုမရှိသော ရောဂါဝေဒနာများကို ခံစားရစေပြီး အိမ်ထဲ၌ပင် အလျင် အမြန်ပျောက်ကင်းသက်သာသည်ဟု ပါရှိသည်။ 

ဗဟိုအဆင့် ဝန်ကြီးဌာနအနေဖြင့် ‌ဒေလီ၊ မွန်ဘိုင်း၊ ကလကတ္တား၊ ချန်နိုင်းနှင့် ဘန်ဂါလူရူ စသည့် နေရာများကို စိုးရိမ်ရသည့် နယ်မြေများအဖြစ် သတ်မှတ်ထုတ်ပြန်ထားသော်လည်း ပြည်နယ် ကျန်းမာ ရေးဝန်ထမ်းများအနေဖြင့် ကျန်းမာရေးလုပ်သားအင်အားနည်းပါးသော ကျေးလက်ဒေသသို့ များမကြာ မီ ရောဂါများပျံ့နှံ့လာမည်ကို စိုးရိမ်နေကြသည်။ 

ကူးစက်မှုဖြစ်ရပ်အသစ်များ၏ ထက်ဝက်ကျော်သည် လူဦးရေ ၁၅ မီလီယမ်ရှိသော ကလကတ္တား ၏ အနောက်ဘန်ဂေါပြည်နယ်မှ ပေါ်ထွက်လာခဲ့ပြီး ထိုပြည်နယ်ကို အမြင့်ဆုံး ကူးစက်မှုနှုန်းများအနက် တစ်ခုဖြစ်လာခဲ့သည်။ 

“ကျွန်ုပ်တို့က ခရိုင်များအတွင်းရှိအခြေအနေနှင့် တဖြည်းဖြည်း မြင့်တက်လာနေတဲ့ ကျေးနယ်ဘက် အခြေအနေများကိုလည်း စောင့်ကြည့်နေတုန်းပါပဲ။ ကလကတ္တား မှာရှိတဲ့ကိုဗစ်ကုတင်တွေမှာတော့ ကုသမှုတွေမရှိသလောက် ဗလာကျင်းနေဆဲပါပဲ”ဟု အနောက်ဘန်ဂေါ ကျန်းမာရေးဝန်ဆောင်မှု ဒါရိုက်တာ အာ‌ဂျေ ဂျာကရာဗတီ (Ajay Chakraborty) က ပြောကြားခဲ့သည်။

“အသစ်ဖြစ်ပေါ်ကူးစက်မှုက ၉၀၀၀ ကျော်ဆိုပေမယ့်လည်း အင်္ဂါနေ့မှာ အစိုးရပိုင် ကူးစက်ရောဂါနှင့် အထွေထွေဆေးရုံကြီးသို့ ၇၅ ဦးကိုသာ ဆေးရုံတက်ရောက်မှုစာရင်းထဲ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

အနောက်ဘက်ခြမ်း မွန်ဘိုင်းမြို့တွင် ဗုဒ္ဓဟူးနေ့အထိ ကူးစက်မှုနှုန်းမှာ ၁၅၁၆၆ အထိရှိသော်လည်း အသစ်ဖြစ်ပေါ်ကူးစက်သူများ၏ ၉၀ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာမပြသဘဲ သံသယလူနာ ၈ ဦးသာ လျှင် ဆေးကုသမှုခံယူနေသည်ဟု မြို့တော်အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။ 

ဒေလီမြို့တွင် ဗုဒ္ဓဟူးနေ့အထိ ကိုဗစ် ၁၉ ဖြစ်ပေါ်ကူးစက်မှုမှာ ၁၀၆၆၅ အထိရှိပြီး ၎င်းကိန်းဂဏန်း၏ ၇ ရာခိုင်နှုန်းကသာ ဆေးကုသမှုခံယူခဲ့သည်။ 

အိန္ဒိယနိုင်ငံဗဟိုကျန်းမာရေးအရာရှိများ၏ ပြောကြားချက်အရ ရောဂါလက္ခဏာပြသခြင်းမရှိသော ကူးစက်မှုဖြစ်စဥ်များကြောင့် ကျန်းမာရေးစနစ်အပေါ် ဖိအားသက်ရောက်ခြင်းမရှိဟု ပြောကြားခဲ့သည်။ 

အိန္ဒိယနိုင်ငံသည် အိုမီခရွန်ကူးစက်မှုဖြစ်စဥ် အနည်းဆုံး ၂၁၃၅ ဦးအထိ အတည်ပြုထားနိုင်ခဲ့ပြီး ထိုဗိုင်းရပ်စ်နှင့် ဆက်စပ်သေဆုံးသူ ၁ ဦးရှိခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.