ဝါရှင်တန်၊ ဇန်နဝါရီ ၃

အမေရိကန်ပြည်ထောင်စုအတွင်း အိုမီခရွန်မျိုးဗီဇပိုး ကူးစက်မှုများ မြင့်တက်လာခြင်းနှင့်အတူ အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးလည်း ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရသည်ဟု တနင်္ဂနွေနေ့ က ထုတ်ပြန်ခဲ့သည်။ 

အော်စတင်၏ ရောဂါလက္ခဏာများသည် ပြင်းထန်ခြင်းမရှိဘဲ နောက်ထပ် ၅ ရက်အထိ နေအိမ်၌ပင် ကွာရန်တင်းနေထိုင်ရမည်ဖြစ်ကြောင်း ပင်တဂွန်အကြီးအကဲ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

Austin ပြောကြားချက်အရ သူသည် Booster shot အပါအဝင် ကာကွယ်ဆေး အပြည့်အဝထိုးနှံထား ခြင်းကြောင့် ကူးစက်ခံစားရမှုကို ယခင်ကထက် လျော့ပါးသက်သာစေသည်ဟုဆိုသည်။

“ကာကွယ်ဆေးများက အလုပ်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ အလုပ်အဖွဲ့ အတွက် စစ်ဘက်ဆိုင်ရာ ဆေးကုသ ခြင်းလိုအပ်ချက်များကိုသာ ဆောင်ရွက်ရန် ကျန်ရှိပါတယ်။ ကျွန်ုပ်အနေဖြင့် Booster shot ထိုးနှံခွင့်ရဖို့ ကိုက်ညီခြင်းရှိတဲ့ လူတစ်ဦးတစ်ယောက်စီတိုင်းကို အမြန်ဆုံးဆောင်ရွက်ဖို့ တိုက်တွန်း လိုပါတယ်”ဟု Austin က ပြောကြားခဲ့သည်။ 

Austin သည် ရောဂါလက္ခဏာ မထွက်ပေါ်မီ တစ်ပတ်အလို၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သမ္မတ ဂျိုးလ်ဘိုင်ဒန်နှင့် တွေ့ဆုံခဲ့ပြီး ထိုနေ့မနက်ခင်း၌ပင် စစ်ဆေးမှုခံယူရာ၌ ရောဂါပိုးတွေ့ရှိခဲ့ခြင်းမရှိပေ။  

ကာကွယ်ရေးဝန်ကြီးသည် လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး အဓိကအစည်း အဝေးများကို အွန်လိုင်းစနစ်ဖြင့် တတ်နိုင်သလောက်အတိုင်းအတာအထိ တက်ရောက်မည်ဟု ထိုထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ 

အိုမီခရွန်မျိုးဗီဇကူးစက်မှု အမြင့်ဆုံး ရောက်ရှိချိန်တွင် အော်စတင်သည် ကိုဗစ် ၁၉ ကူးစက်ခံထားရ သည့် အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးဖြစ်သည်။ 

အခြားသော ထင်ရှားကျော်ကြားသည့် ဥပဒေပြုလွှတ်တော် အဖွဲ့ဝင်အတော်များများတွင်လည်း ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဘိုင်ဒန်၏ သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး ယန်ပတ်စကီသည်လည်း အောက်တိုဘာလအတွင်းက ကိုဗစ် ၁၉ပိုး ကူးစက်ခံခဲ့ရသည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.