ဘန်ကောက်၊ ဇန်နဝါရီ ၃

နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံအနှံ့အပြားတွင် ယာဥ်မတော်တဆဖြစ်ပွားမှုဖြစ်စဥ် ၃၀၇ ခုအထိ ရှိခဲ့ပြီး လူဦးရေ ၃၄ ဦးအထိ သေဆုံးခဲ့ကာ အားလပ်ရက်အတွင်း ခရီးသွားလာရေးတွင် ယာဥ်မတော် တဆမှုကြောင့် သေဆုံးသူ ဦးရေ ၂၆၃ ဦးအထိရှိလာခဲ့ပြီးဟု ဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် လျှော့ပါးသက်သာစေရေးဦးစီးဌာနမှ အထွေထွေဒါရိုက်တာ ဘွန်သမ်လတ်ဆူဟီးကာဆမ်က တနင်္လာ နေ့က ပြောကြားခဲ့သည်။

ယာဥ်မတော်တဆမှုဖြစ်စဥ် ၃၀၇ ခုတွင် လူဦးရေ ၃၁၁ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စုစုပေါင်း ထိခိုက်ဒဏ်ရာရရှိသူဦးရေ ၂၁၉၈ ဦးအထိရှိခဲ့ပြီးဖြစ်သည်။ မြန်နှုန်းမြင့် မောင်းနှင်မှုသည် ယာဥ်မတော်တဆမှုများ၏ ၃၄ ရာခိုင်နှုန်းအထိရှိပြီး မူးယစ်သေစာသောက်သုံးပြီး မောင်းနှင်မှုသည် ၂၉ ရာခိုင်နှုန်းအထိရှိသည်။ မော်တော်ဆိုင်ကယ်တိမ်းမှောက်မှု ၈၁ ရာခိုင်နှုန်းဖြစ်ပြီး ပစ်ကပ် (အမိုးပွင့် ကုန်တင်ကား) တိမ်းမှောက်မှုမှာ ၈ ရာခိုင်နှုန်းဖြစ်သည်။

(တစ်ရက်အတွင်း) ယာဥ်မတော်တဆမှုဖြစ်စဥ် ၁၂ ခုအထိ ရှိခဲ့သော ထရမ်ခရိုင်ဒေသန္တရသည် ထိုင်းတောင်ပိုင်းတွင် အမြင်ဆုံးဖြစ်ပွားသော နေရာတစ်ခုဖြစ်ခဲ့သည်။ အမြင့်ဆုံးသေဆုံးမှုမှာ ဘန်ကောက်နှင့် အူဒွန်ဌာနီဖြစ်ပြီး အဆိုပါ ခရိုင်ဒေသန္တရအသီးသီးတွင် လူ ၃ ဦးအထိ သေဆုံးခဲ့သည်။ ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနဘူရီတွင် ယာဥ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးအထိ ရှိသည်။

ကျန်ရှိသော ၅၃ ခုသော ခရိုင်ဒေသန္တရတွင် ယာဥ်တိမ်းမှောက်မှုကြောင့် ဖြစ်ပေါ်ရသော သေဆုံးမှုများ မရှိခဲ့ပါ။

မစ္စတာ Boontham ၏ ပြောကြားချက်တွင် (ဒီဇင်ဘာ ၂၉ ရက်နေ့မှ ဇန်နဝါရီ ၂ ရက်နေ့အထိ) ၇ ရက်တာ အားလပ်ရက်၏ ပထမဆုံး ၅ ရက်အတွင်း ယာဥ်မတော်တဆမှုမှာ ၂၂၂၁ ခုအထိရှိခဲ့ပြီး သေဆုံးသူ ၂၆၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၁၉၈ ဦးအထိရှိသည်ဟု ပါရှိသည်။

ချင်းမိုင်ခရိုင်သည် ယာဥ်မတော်တဆဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ပြီး ဖြစ်စဥ်ပေါင်း ၈၂ ခုအထိရှိခဲ့သည်။ သေဆုံးသူ ၁၇ ဦးအထိရှိခဲ့သော ဘန်ကောက်သည် အမြင့်ဆုံးသေဆုံးမှုဖြစ်ခဲ့ပြီး ချင်းမိုင်တွင် လူဦးရေ ၇၈ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref; Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.