မနီလာ၊ ဇန်နဝါရီ ၁

Omicron မျိုးကွဲကြောင့် Covid-19 ကူးစက်မှု လှိုင်းသစ်တစ်ခု ထွက်ပေါ်လာခြင်းနှင့်အတူ ၂၀၂၂ နှစ်ဦး တွင် တင်းကျပ်သောကန့်သတ်ချက်များကို ဖိလစ်ပိုင်နိုင်ငံမှ စတင် သတ်မှတ်လိုက်ပြီးဖြစ်သည်။ 

လူဦးရေ ၁၃ သန်းကျော်ရှိသည့် မြို့ကြီး ၁၆ မြို့အပါအဝင် မနီလာမြို့ကို ဇန်နဝါရီ ၃ ရက်မှ ၁၅ ရက်အထိ တတိယအမြင့်ဆုံးသတိပေးချက်အဆင့်အဖြစ် အစိုးရက ထုတ်ပြန်ထားသည်။

အင်္ဂါနေ့ (ဒီဇင်ဘာ ၂၈ ရက်) တွင် နေ့စဥ်ကူးစက်မှု ၅၀၀ အောက်မှ ၃၀၀၀ နီးပါးအထိ တိုးလာခြင်း ကြောင့် တင်းကျပ်သောာ ကန့်သတ်ချက်များကို ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။ 

Covid-19 ရောဂါဖြစ်ပွားမှု လာမည့်စနေနေ့တွင် လူထုအကြားကူးစက်မှုမှာ ၄၀၀၀ အထိ ဆတိုးပြီး ကူးစက်ခံရနိုင်သည်ဟု Octa သုတေသနအဖွဲ့မှ ဆိုသည်။  

ရောဂါကူးစက်ဖြစ်ပွားမှု လျော့ကျသွားသောကြောင့် ဖိလစ်ပိုင်အစိုးရမှ ကန့်သတ်ချက်များကို ဖြေလျှော့ အပြီး သောကြာနေ့တွင် နေ့စဥ်ကူးစက်မှုမှာ မြင့်တက်လာခဲ့သည်။ 

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်တွင်း Omicron ကူးစက်မှုဟု အသိအမှတ် မပြုထားသော်လည်း ပြည်ပခရီးသွားရာဇဝင်မရှိသော လူ ၃ ဦးတွင် ရောဂါပိုး ကူးစက်ခံထားရသည်ဟု သောကြာနေ့က ထုတ်ပြန်ကြေငြာခဲ့သည်။  

“ပြည်တွင်းဖြစ်ပွားမှု ၃ ခုအပေါ် ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုက ဒေသတွင်း ကူးစက်နိုင်ခြေ မြင့်မားကြောင်း ညွှန်ပြနေပါတယ်” ဟု ၎င်းကဆိုသည်။

ကျန်းမာရေးဝန်ကြီး Francisco Duque (ဖရန်စစ်စကို ဂျူကေး) က “Omicron ဟာ ရောက်ရှိနေပြီး ဆိုပေမယ့် နိုင်ငံတွင်းကူးစက်မှုလို့တော့ မပြောသာပါဘူး၊ အထိုက်အလျောက်ပါပဲ” ဟု သတင်းထောက် များအား ပြောကြားခဲ့သည်။

ဖိလစ်ပိုင်အထွေထွေရောဂါကုသရေးဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူ Jonas del Rosario (ဂျိုနပ်ဒယ်လ် ရိုဆာရီယို)က ဒီဇင်ဘာ ၂၅ ရက်မှ ဇန်နဝါရီ ၃၁ ရက်အထိ Covid-19 လူနာများ သုံးဆတိုးလာကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။ 

ဖိလစ်ပိုင်နိုင်ငံသည် ရောဂါကူးစက်မှု ၂.၈၄ သန်းနှင့် သေဆုံးသူ ၅၁,၅၀၄ ဦးရှိကာ အင်ဒိုနီးရှားပြီးလျှင် အရှေ့တောင်အာရှတွင် Covid-19 ကူးစက်မှုနှင့် သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.