December 28, 2021

ရေလွှမ်းမိုးမှု ဒုတိယအကြိမ်ဖြစ်ပေါ်လာနိုင်သည့်အတွက် မလေးရှား ကြိုတင်ပြင်ဆင်

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၇ ယခုသီတင်းပတ်အတွင်း မလေးရှားနိုင်ငံ၏ နေရာအနှံ့အပြားတွင် မိုးအဆက်မပြတ်ရွာသွန်းနိုင်မည် ဟူသော ခန့်မှန်းချက်ကို အာဏာပိုင်များမှ ထုတ်ပြန်ပြီးနောက် မ‌လေးရှားနိုင်ငံသားများအနေဖြင့် ဒုတိယအကြိမ်ဖြစ်‌ပေါ်လာနိုင်သော ရေလွှမ်းမိုးမှုအတွက် ကြိုတင်ပြင်ဆင်လျှက်ရှိသည်။ ဝန်ကြီးချုပ် အစ္စမေးဆာဘရီရာကွတ်သည် ထိုဖြစ်နိုင်ချေကို ရင်ဆိုင်နိုင်ရန် အထူးလုပ်ငန်းအဖွဲ့တစ်ရပ် ကို ဖွဲ့စည်းခဲ့ပြီး ၎င်းအ‌ခြေအနေသည် ကြီးမားသော ရေလွှမ်းမိုးမှုကို လတ်တလော ကြုံတွေ့ရသူများ အတွက် ထိန့်လန့်စရာဖြစ်စေခဲ့သည်။ မလေးရှားနိုင်ငံ၊…

ဘဏ်ချေးငွေ ပြန်မဆပ်နိုင်လို့ အဝေးပြေးယာဉ်လိုင်း မော်တော်ယာဉ်တွေ အသိမ်းခံနေရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၈) လက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့် အရှုံးပေါ်ပြီး ဘဏ်ချေးငွေ ပြန်မဆပ်နိုင်လို့ မွန်ပြည်နယ်က အဝေးပြေးယာဥ်လုပ်ငန်းတွေရဲ့ ကားတွေကို ဘဏ်တွေက သိမ်းယူနေပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးရိုက်ခတ်မှုတွေကြောင့် မြန်မာငွေကြေးတန်ဖိုးကျဆင်းပြီး သွင်းကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ ဆီဈေးနှုန်းပါ မြင့်တက်လာတာကြောင့် ယာဥ်လုပ်ငန်းတွေ အခက်တွေ့နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိနိုင်ငံရေး အခြေအနေတွေနဲ့အတူ ကိုဗစ်-၁၉ ကန့်သတ်မှုတွေကြောင့် ခရီးသွားလာသူ…