မော်လမြိုင် ၊ ဒီဇင်ဘာ (၂၅)

 တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက ထားဝယ်နဲ့သရက်ချောင်းမြို့နယ်တွေမှာ စစ်ကောင်စီဘက်က အင်အား ထပ်တိုးလာတဲ့အတွက်ကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီဘက်က ဒီဇင်ဘာ (၂၃)ရက်နေ့ကစပြီး ပုလောဘက်ကနေ အင်အား ၁၀၀ ကျော် ပါဝင်တဲ့ ကား ၁၀ စီးနဲ့ ထားဝယ် ၊  သရက်ချောင်းဘက်ကို ထပ်မံအင်အားဖြည့်တင်းလာခဲ့တာ ဖြစ်ပါတယ်။

 စစ်ကောင်စီဘက်က အင်အားဖြည့်တင်းပြီး စစ်ရေး လှုပ်ရှားမှု ပြုလုပ်လာရင် ပြန်လည် ခုခံတိုက်ခိုက်ဖို့ အဆင့်သင့် ပြင်ဆင်ထားတယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

 ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်ထွက် သွားလာတာတွေ မလုပ်ဖို့၊ စစ်ကောင်စီကားတွေနဲ့ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေအနီး သွားလာတာတွေ မလုပ်ကြဖို့ ဒေသခံ PDF အဖွဲ့တွေက သတိပေးထားပါတယ်။

 စစ်ကောင်စီတပ်ဟာ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကိုသွားတဲ့ စော်ဖျားကျေးရွာ လမ်းကို မနေ့ကစပြီး ပိတ်ဆိုထားသလို လမ်းသွားလမ်းလာတွေ သွားလာခွင့် ကန့်သတ်တာတွေ လုပ်ဆောင်နေပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ အင်အား ထပ်မံ ဖြည့်တင်းလာတဲ့အတွက်ကြောင့် ဒေသခံ PDF အဖွဲ့တွေနဲ့ နှစ်ဖက် တိုက်ပွဲဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.