ဆိုလ်း၊ ဒီဇင်ဘာ ၂

တောင်ကိုရီးယားနိုင်ငံတွင် အိုမီခရွန်ကိုဗစ်-၁၉ ဗိုင်းရပ်စ် လူ (၅)ဦးထံကူးစက်ခဲ့သည်ဟု ဒီဇင်ဘာလ ၁ ရက်နေ့၌ အာဏာပိုင်များမှ ထုတ်ပြန်လာခဲ့ပြီး ပထမဦးဆုံးအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဥ် ၅၀၀၀ ဦးနှင့်အထက်ရှိကာ ကူးစက်ခံရသော လူနာများတွင် ပြင်းထန်သောလက္ခဏာများ သိသိသာသာ မြင့်တက်လာနေခြင်းအတွက် အထူးစိုးရိမ်ပူပန်နေကြောင်း ထုတ်ပြန်ပါသည်။

လွန်ခဲ့သော ရက်သတ္တပတ်တွင် နိုင်ဂျီးရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ကာကွယ်ဆေး အပြည့် အဝထိုးနှံထားသော စုံတွဲတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးအေဂျင်စီ Korea Disease Control and Prevention Agency (KDCA)၏ ထုတ်ပြန်ချက်အရ သိရသည်။  

တောင်ကိုရီးယားနိုင်ငံသည် ၎င်း၏ အိုမီခရွန်ကူးစက်မှု (ကနဦး) ဖြစ်စဥ်ကို သတင်းထုတ်ပြန်ခဲ့သလို အီသီယိုးပီးယားနိုင်ငံမှ တိုက်ရိုက်ဝင်ရောက်လာမည့် လေကြောင်းခရီးစဥ်များကို နှစ်ပတ်ကြာ ဆိုင်းငံ့မည့် အစီအစဥ်အပါအဝင် အထူးတင်းကျပ်သော ခရီးသွားခြင်းဆိုင်ရာ ကန့်သတ်ချက်များကို လည်း ထုတ်ပြန်ခဲ့ သည်။ 

၎င်းထုတ်ပြန်ချက်တွင် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသော ခရီးသွားများအားလုံးသည် ဗိုင်းရပ်စ်မျိုးကွဲ သစ်ကူးစက်ခံရခြင်း ရှိ/မရှိ သိရှိနိုင်ရန် စမ်းသပ်မှုခံယူရမည်ဟု ပါရှိသည်။ 

လာမည့် သောကြာနေ့မှ စတင်၍ နှစ်ပတ်ကြာကာလအထိ နိုင်ငံအတွင်းသို့ ဆိုက်ရောက်လာကြမည့် တောင်ကိုရီးယားနိုင်ငံသားများနှင့် နိုင်ငံခြားသားများအားလုံးသည် ကာကွယ်ဆေးထိုးနှံခြင်း အခြေ အနေကို လျစ်လျူပြုထားမည်ဖြစ်ပြီး ကွာရန်တင်း ၁၀ ရက်နေထိုင်ရန် လိုအပ်သည် ဟု KDCA မှ ပြော ကြားခဲ့သည်။ 

အစောပိုင်းတွင် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော တောင်ကိုရီးယားနိုင်ငံသားများသည် နိုင်ငံ အတွင်းသို့ ဝင်ရောက်ရန် ကွာရန်တင်း ကင်းလွတ်ခွင့်ကို ရရှိခဲ့သည်။ 

တောင်ကိုရီးယားအစိုးရအနေဖြင့် အာဖရိက ၈ နိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံမှ နိုင်ငံသားမဟုတ်သော လူမျိုးခြားများအတွက် ပြည်ဝင်ခွင့်နှင့် ဗီဇာခွင့်ပြုပေးခြင်း ရပ်တန့်ထားခဲ့ပြီးဖြစ်သည်။ 

တောင်ကိုရီးယားနိုင်ငံသည် စင်ကာပူနိုင်ငံနှင့် Vaccinated Travel Lane (VTL) အစီအစဥ်ကို သဘော တူထားခဲ့ပြီး VTL အစီအစဥ်ဖြင့် လာရောက်ကြမည့် ခရီးသွားဧည့်သည်များအတွက်မူ ကွာရန်တင်း လိုအပ်ချက်ရှိမရှိနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ထားခြင်းမရှိသေးကြောင်း KDCA မှ ထုတ်ပြန်ခဲ့ သည်။ 

ကြာသပတေးအနေ့အထိ KDCA က ပြောကြားရာတွင် တောင်ကိုရီးယားနိုင်ငံအနေဖြင့် နေ့စဥ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ၅၂၆၆ ဦးအထိရှိသည် နောက်ထပ်မှတ်တမ်းရရှိထားသည်ဟု ပါရှိသည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.