November 2021

အိုမီခရွမ်လို့ အမည်ပေးထားတဲ့ ကိုဗစ်-၁၉ ရောဂါမူကွဲမျိုးစိတ်သစ်တွေ့ရှိကြောင်း ကြေငြာ

ဘန်ကောက်၊ နိုဝင်ဘာ ၂၇ အိုမီခရွမ်လို့အမည်ပေးထားတဲ့ စိုးရိမ်ဖွယ်ရာကောင်းတဲ့ ကိုဗစ်ရောဂါမျိုးစိတ်သစ်ကို တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့ကြောင်း သောကြောနေ့မှာ ကမ္ဘာကျန်းမာရေးအဖွဲ့ က ကြေငြာလိုက်ပါတယ်။ အိုမီခရွမ်ဟာ ကိုဗစ်-၁၉ ရောဂါမျိုးကွဲတွေအထဲမှာ အပြင်းထန်ဆုံးအမျိုးအစားထဲမှာ ပါတာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ Alpha, Beta နဲ့ Gamma မျိုးစိတ်ပေါင်း Delta မျိုးစိတ်ထက် ကျော်လွန်ပြီး ဆိုးရွားနိုင်တယ်လို့ ဖော်ပြပါတယ်။ သောကြာနေ့မှစပြီး အိုမီခရွန်ပိုးပျံ့နှံ့မှုလျော့နည်းစေဖို့အတွက်…

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် မွန်က အထည်ချုပ်လုပ်ငန်းတွေ နလံမထူနိုင်သေး

မော်လမြိုင် ၊ နိုဝင်ဘာ (၂၇) စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေ အပါအဝင် ကုန်ကြမ်းဈေးနှုန်း ကြီးမြင့်နေတဲ့အတွက်ကြောင့် မွန်ပြည်နယ်အတွင်းက အထည်လုပ်ငန်းချုပ်တွေ ပုံမှန်အတိုင်း မလည်ပတ်နိုင်ဘဲ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်တွေက ပြောပါတယ်။ အထည်ချုပ်လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်ပက တင်သွင်းလာတဲ့ ကုန်ကြမ်း ပစ္စည်း ဈေးနှုန်း ၂ ဆ နီးပါး မြင့်တက်လာတာ…

မြန်မာနိုင်ငံသို့ ခရီးစဉ်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့်ပတ်သက်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

ဘန်ကောက်၊ နိုဝင်ဘာ ၂၆ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai (ဒွန် ဖရာမွတ်ဝီနိုင်)က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော သူ၏ ခရီးစဥ်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဖြန့်ဝေရေး အတွက် ခြုံငုံသုံးသပ်ရန် ဖြစ်သည်ဟု ကြာသပ‌တေးနေ့က အောက်လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး၏ နိုဝင်ဘာလ ၁၄ ရက်နေ့ ခရီးစဥ်နှင့် ပတ်သက်၍ ဖွေထိုင်းပါတီကိုယ်စားပြု လွှတ်တော် အမတ်…

ကမ္ဘာ့ချန်ပီယံအဆင့် Squash ပွဲစဥ်သို့ လာရောက်ကြမည့် အစ္စရေးကစားသမားများကို မလေးရှားအစိုးရ ပြည်ဝင်ခွင့် လက်ခံရန် ငြင်းဆို

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၅ မလေးရှားနိုင်ငံသည် လာမည့်လအတွင်း ကျင်းပမည့် Squash (စကွပ်ဂိမ်း – လေးဘက်လေးတန်အခန်း တွင် ဘောလုံးကို ဘက်တန်ဖြင့် ရိုက်သည့် အားကစားနည်းတမျိုး)အားကစားပြိုင်ပွဲကြီးသို့ ပါဝင်ယှဥ် ပြိုင်မည့် အစ္စရေးနိုင်ငံကိုယ်စားပြုကစားသမားများကို ဗီဇာပေးရန် ငြင်းဆိုထားပါသည်ဟု အားကစားပွဲ ကြီးကြပ်ရေးအဖွဲ့ က ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံနှင့် သံခင်းတမန်ခင်း ဆက်ဆံရေးမရှိသော အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံသည် တဖက် နိုင်ငံမှ…

ဖာပွန်က စစ်ရှောင်တွေအတွက် အစားအစာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေ

မော်လမြိုင် ၊ နိုဝင်ဘာ (၂၆) ဖာပွန်ခရိုင်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအစာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။ ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေဒေသထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒီကနေ့လက်ရှိအချိန်ထိ ဒေသခံပြည်သူတွေဟာ တိမ်းရှောင်ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တောတောင်ထဲမှာ တိမ်းရှောင်နေရတဲ့…

CDM ဝန်ထမ်းတွေ ဘဝရပ်တည်နေထိုင်ဖို့ ပိုမို ခက်ခဲလာ

မော်လမြိုင် ၊ နိုဝင်ဘာ (၂၆) CDM ဝန်ထမ်းတွေဟာ အာဏာသိမ်း စစ်ကောင်စီကို အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာဖီဆန်လာခဲ့တာ အခုဆိုရင် ၁၀ နီးပါး ကြာမြင့်လာပြီး ဖြစ်ပါတယ်။ CDM ဝန်ထမ်းတွေဟာ CDM ကာလကြာမြင့်လာတာနဲ့ အတူ မိသားစု စားဝတ်နေရေး အပါအဝင် ဘဝရပ်တည်နေထိုင်ရေးအတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြ ရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့…

ဒီဇယ်ဆီ အကျပ်အတည်းကို အမြန်ဆုံးကုစားပေးနိုင်ရန်အတွက် ထိုင်းဝန်ကြီးချုပ်တောင်းဆို

ဘန်ကောက်၊ နိုဝင်ဘာ ၂၄ ထိုင်းနိုင်ငံရဲ့ ဒီဇယ်လက်လီဈေးနှုန်းကို လျှော့ချနိုင်ရန် နည်းလမ်းများထားရှိ မြှင့်တင်ဆောင်ရွက်နိုင်ရန် ထိုင်းဝန်ကြီးချုပ် ပရရွတ်ချန်အိုချာမှ စွမ်းအင်ဝန်ကြီးဌာသို့ ပြောဆိုထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်၏ လက်‌ထောက်က ပြောကြားခဲ့ သည်။ ထိုင်းနိုင်ငံအနှံ့ရှိ လော်ရီယာဥ်မောင်းများ ဆန္ဒထုတ်ဖော်ရာမှ စတင်လာသော ဒီဇယ်‌ဈေးမြင့်တက်ခြင်းဆိုင်ရာ ပြဿနာကို အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် (အင်္ဂါနေ့၌) ကျင်းပခဲ့ကြသော အစိုးရအဖွဲ့အစည်း အဝေးပြီးနောက် ထိုင်းဒုတိယဝန်ကြီးချုပ် Wissanu…

စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်

မော်လမြိုင် ၊ နိုဝင်ဘာ (၂၅) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအား ထိုးစစ်ဆင်ရာမှာ စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို အဓိကပစ်မှတ် တစ်ခုအဖြစ် တိုက်ခိုက်လာတယ်လို့ ကရင်လူ့အခွင့်အရေး KHRG က ထုတ်ပြန်လိုက်ပါတယ်။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ပြည်သူများရဲ့ခုခံတွန်းလှန်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစ်စောင်ကို ကရင်လူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ် ထိုးစစ်ဆင်ရာမှာ အရပ်သားတွေကို ပစ်မှတ်ထား…