တရုတ် – မြန်မာဆက်ဆံရေးအတွက် အဓိကပြဿနာ
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမှစတင်ခဲ့သော မြန်မာ့အရေးအကြပ်အတည်းများအောက် လူအသေ အပျောက်များခဲ့ပြီး ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်လာကြခြင်းမရှိသေးပေ။ မြန်မာစစ်တပ်က အရပ်သားပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒပြမှုများကို လက်နက်ဖြင့်အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ မြန်မာနိုင်ငံတွင် အပြောင်းအလဲတခုဖြစ်တိုင်း မျက်ခုံးအလှုပ်ရဆုံးက အိမ်နီးချင်းတရုတ်နိုင်ငံဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင်းမှာ တရုတ်တို့၏ရင်းနှီးမြှုပ်နှံမှုများရှိနေပြီး အဓိကရင်းနှီးမြှုပ်နှံသူဖြစ်သောကြောင့် ဖြစ်လေ သည်။ မြန်မာ့အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အစပိုင်းတွင်တရုတ်က တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ဖာသိဖာသာနေခဲ့သော် လည်း ယခုတော့ဗြောင်ကျကျပင် စစ်တပ်နှင့်ဆက်ဆံလာသည်။…