November 28, 2021

ကျင်စန်းကျော့ဂိတ်ကို ပြန်ဖွင့်လိုက်ပေမယ့် ကွန်တိန်နာစနစ်ကြောင့် အခက်အခဲ ရှိနေ

မော်လမြိုင် ၊ နိုဝင်ဘာ (၂၈) တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ် တစ်ခု ဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်ကို ပြန်လည် ဖွင့်လိုက်ပေမယ့် ကွန်တိန်နာစနစ်ကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ၅ လကျော်အကြာ ပိတ်ထားခဲ့တဲ့ ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ်ကို တရုတ်ဘက်က နိုဝင်ဘာ ၂၆ ရက်နေ့ ၃၀ ရက်နေ့ထိ ၅ ရက် အစမ်းသပ်ကာလအဖြစ်…

ထိုင်းနိုင်ငံ၏ ခရိုင်အချို့တွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ထပ်မံရုပ်သိမ်းမည်

ဘန်ကောက်၊ နိုဝင်ဘာ ၂၇ ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် ခရီးသွားကဏ္ဍပြန်လည် မြှင့်တင်နိုင်ရေးအတွက် ကျန်ရှိ‌သော ခရိုင် ၆ ခုတွင် တင်း ကြပ်ထားသော ညမထွက်ရ စည်းကမ်းချက်ကို ပယ်ဖျက်လိုက်ပြီးနောက် လာမည့်လမှ စတင်၍ ကာဖျူးလ် အမိန့်ကို ရုတ်သိမ်းသွားမည်။ ထိုင်းနိုင်ငံသည် ကုန်းလမ်းနှင့် ပင်လယ်လမ်းခရီးမှ ဝင်ရောက်ကြမည့် ခရီးသွားဧည့်သည်များကို နိုင်ငံအတွင်း သို့ ဝင်ရောက်နိုင်ရန် စီစဥ်မည်ဖြစ်ပြီး…

ကျောင်းဖွင့်ပြီး ကာလတိုအတွင်း စာမေးပွဲကျင်းပမယ့်အပေါ် ဆရာဆရာမတွေ ဝေဖန်

မော်လမြိုင် ၊ နိုဝင်ဘာ (၂၈) အာဏာသိမ်း စစ်ကောင်စီက ကျောင်းပြန်ဖွင့်ပြီး ကာလတိုအတွင်း စာမေးပွဲ ကျင်းပမယ့်အပေါ် ဆရာ၊ဆရာမနဲ့ ကျောင်းသားမိဘတွေ ဝေဖန်လိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ အခြေခံပညာကျောင်းတွေရဲ့ အတန်းအလိုက် စာမေးပွဲတွေကို မတ်လအတွင်း ကျင်းပသွားမှာ ဖြစ်ပြီး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကိုတော့ ဧပြီလ သင်္ကြန်မတိုင်ခင် ကျင်းပသွားမယ်လို့ နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့…