September 28, 2021

မွန်က ကားဂိတ်တွေမှာ CCTV နဲ့ မျက်နှာဖတ်နိုင်တဲ့ စက်တပ်ဆင်ဖို့ စစ်ကောင်စီ ဖိအားပေး

မော်လမြိုင် ၊ စက်တင်ဘာ၂၈ မွန်ပြည်နယ်အတွင်းရှိ အဝေးပြေး ကာဂိတ်တွေမှာ CCTV တပ်ဆင်ဖို့နဲ့ မျက်နှာကို ဖတ်နိုင်တဲ့ စက်တပ်ဆင်ဖို့ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းအားလုံးကို စက်တင်ဘာလ (၂၄)ရက်နေ့က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဝေပြေးကားဂိတ်တွေမှ တဆင့် လူမဲ့တန်ဆာတွေ ပစ္စည်းတွေ ပေးပို့ရာမှာ ခိုင်လုံတဲ့ အထောက်အထား အဖြစ်ဖို့အတွက်…

စက်သုံးဆီဈေး နှစ်ဆကျော်တက်လို့ စက်မှုလုပ်ငန်းတွေ အရှုံးပေါ်

မော်လမြိုင်၊ စက်တင်ဘာ ၂၈ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးနှုန်း (၂)ဆကျော် မြင့်တက်လာလို့ စက်မှုလုပ်ငန်း လုပ်ကိုင်သူတွေက အရှုံးပေါ်ပြီး လုပ်ငန်းရပ်တန့်ရမယ့် အခြေအနေတွေကို ရင်ဆိုင်နေရပါတယ်။ ယခင်က တစ်လီတာကို (၇၀၀)ကျပ် ဝန်းကျင်မှာပဲရှိတဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ယခုအခါ အမျိုးအစားအလိုက် တစ်လီတာကို အနည်းဆုံး (၁၃၇၅) ကျပ်ကနေ အများဆုံး (၁၄၄၅)ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။ အခုလို အခြေအနေတွေကြောင့် စက်မှုလုပ်ငန်းလုပ်ကိုင်သူတွေဟာ…

ဘီးလင်းမှာ အုပ်စုဖွဲ့ လုယက်မှုတွေ ဆက်တိုက်ဖြစ်နေ

ဘီးလင်း၊ စက်တင်ဘာ ၂၂ စစ်တပ် အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းမှာ အုပ်စုဖွဲ့ လုယက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အုပ်စုဖွဲ့ လုယက်သူတွေဟာ လူသွားလူလာနည်းတဲ့ မြို့ပေါ်ရပ်ကွက်အချို့နဲ့ ကျေးရွာအဆင်းလမ်းတွေမှာ လုယက်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ “ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ အမျိုးသမီးတစ်ဦး ဘီးလင်းကနေ ရွာဘက်ဆင်းတဲ့လမ်းမှာ ဆိုင်ကယ်လုခံရတယ်လို့ သိရတယ်။ လုယက်တဲ့သူတွေမှာ ဓါးတွေပါတယ်။…

ထောင်နှုတ်ခမ်းနင်း၍ သတင်းစာပို့ခဲ့ကြသူများ (အပိုင်း ၄)

ဖိုးထောင်သည် ဒီခရီးကို မဲဆောက်က စထွက်ကတည်းက အတူပါလာခဲ့သူ ဖြစ်သည်။ သို့သော် သူနှင့် အလုပ်လုပ် ရန်တော့ မဟုတ်။ ကိုထွန်းအောင်ကျော်၏ စီစဉ်ပေးချက်အရ ဒေသခံ တော်လှန်ရေးသမားများက သူတို့ နှစ်ယောက်ကို အခြားတစ်လမ်းမှ နောင်ဒိုင်းရွာသို့ လိုက်ပို့ပေးသည်။ နောင်ဒိုင်းရွာကို ရောက်တော့ သေနတ်သံတွေ တဒိုင်းဒိုင်း နှင့် ကြားနေရ၏။ တိုက်ပွဲတစ်ပွဲကို အနီးဆုံး နားနှင့် ဆတ်ဆတ်…

ညအပြင်ထွက်သူတွေကို ရဲဖမ်းဆီး ၊ ငါးသောင်းတောင်းပြီး မနက် ပြန်လွှတ်ပေး

မော်လမြိုင်၊ စက်တင်ဘာ ၂၈ ပေါင်မြို့နယ်မှာ ည(၈)နာရီနောက်ပိုင်း အပြင်ထွက်သူတွေကို ရဲကဖမ်းဆီးပြီး မိသားစုကို ပိုက်ဆံ ငါးသောင်းနဲ့ လာရွေးခိုင်းကာ မနက်ကျ ပြန်လွှတ်ပေးခဲ့တယ်လို့ ကြုံတွေ့ခဲ့ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပေါင်မြို့နယ်မှာတော့ ည(၈)နာရီကနေ မနက် (၄)နာရီအထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီနောက် ည(၈)နာရီနောက်ပိုင်း လမ်းပေါ်ထွက် သွားလာသူတွေကို ကင်းလှည့်နေတဲ့ ရဲနဲ့စစ်သားအဖွဲ့တွေက ဖမ်းဆီးပြီး…

တောရောမြို့ပါ မကျန် နည်းမျိုးစုံဖြင့် စစ်ဆင်ရေး လုပ်နေတဲ့ စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာ

မော်လမြိုင်၊ စက်တင်ဘာ၊ ၂၈ စစ်တပ် အာဏာသိမ်းပြီးနောက် တောရော မြို့ပါ မကျန် နည်းမျိုးစုံဖြင့် စစ်ဆင်ရေး လုပ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီက အပစ်ရပ်ကြောင်း စက်တင်ဘာလ ၂၇ ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ဖို့နဲ့ ထာဝရငြိမ်းချမ်းရေး ရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက် အပစ်ရပ် သက်တမ်း ၅ လကြာ ထပ်တိုးကြောင်း…