September 23, 2021

ထားဝယ်မြို့ပေါ်ရပ်ကွက်တွေက စစ်ကောင်စီတပ်တွေကို ရုတ်သိမ်း ၊ ကျေးရွာတွေမှာ စစ်ဆေးရေး တင်းကြပ်လာ

ထားဝယ်၊ စက်တင်ဘာ ၂၃ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ် နေရာအချို့မှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာလ ၂၃ ရက်နေ့မှာ တပ်ပြန်ရုပ်သိမ်းသွားတဲ့လို့ ဒေသခံတွေက ပြောပါတယ်။ ဒေါင်းငူရပ်ကွက်ရုံး၊ အောင်မင်္ဂလာရုပ်ရှင်ရုံ၊ ကျန်းတိတိတရုတ်ဘုံကျောင်း၊ ဥတ္တံတားကြီးလမ်းဆုံ အပါအဝင် နေရာ ၈ နေရာက တပ်စွဲထားတဲ့နေရာတွေကို ရုပ်သိမ်းသွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကြက်စာပြင်ရပ်ကွက်မှာတော့ စစ်ကောင်စီတပ်တွေ နေရာယူထားဆဲ ဖြစ်တယ်လို့…

ကျိုက်ထိုမှာ စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

ကျိုက်ထို၊ စက်တင်ဘာ ၂၃ ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာအနီး ခဝါချောင်းတံတားနဲ့ ဝါးတာဂိတ်အကြားမှာ မနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲဒီနေ့ ညနေ ၄ နာရီခန့်မှာ ကင်းပုန်းသိမ်းပြီး ပြန်လာတဲ့ စစ်ကောင်စီကား ၂ စီးကို အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ “ဖြစ်တာက…

DKBA စစ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး စောစတီးလ် ခန့်အပ်ခံရ

မော်လမြိုင်၊စက်တင်ဘာ ၂၃ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)ရဲ့ စစ်ဦးစီးချုပ်သစ်အဖြစ် ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးစောစတီးလ်ကို ခန့်အပ်တာ၀န်ပေးအပ်လိုက်တယ်လို့ ဒီကေဘီအေက ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီကေဘီအေရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေး သဘောတူညီဆုံးဖြတ်ချက်အရ ဒုတိယစစ်ဦးစီးချုပ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးစောစတီးလ်ကို စစ်ဦးစီးချုပ်အဖြစ် ခန့်အပ် တာ၀န်ပေးအပ်လိုက်တာပါ။ အရင် ဒီကေဘီအေစစ်ဦးချုပ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမိုစေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က…

သံလွင်တိုင်းမ်သည် အများပြည်သူသိပိုင်ခွင့်အတွက်သာ အလုပ်လုပ်နေသည်

အာဏာသိမ်းစစ်အုပ်စုက သံလွင်တိုင်းမ်သတင်းဌာနကို ရှာဖွေ ဖိနှိပ်နေသည်မှာ (၆)လခန့်ရှိနေပြီဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စု၏ လက်နက်ကိုင်အဖွဲ့တွေက သံလွင်တိုင်းမ်၏ ရုံးခန်းဖွင့်လှစ်ခဲ့ရာ ရုံးနေရာကို ရှာဖွေခြင်း၊ သံလွင်တိုင်းမ်၏ တာဝန်ရှိသူအချို့၏ နေအိမ်များကို အကြိမ်ကြိမ်ရှာဖွေခြင်းများကိုလည်း မကြာခဏပြုလုပ်နေခဲ့သည်။ ထို့နည်းတူပင် သံလွင်တိုင်းမ်သတင်းဌာနနှင့် မသက်ဆိုင်သူများကိုပါ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးခြင်း၊ လိုက်လံရှာဖွေခြင်း၊ သတင်းမှားလွှင့်ခြင်းများကိုလည်း အာဏာသိမ်းစစ်အုပ်စုနှင့်အတူ ပတ်သက်ဆက်နွယ်သူများကလည်း တောက်လျှောက်ဆောင်ရွက်နေခဲ့သည်။ သံလွင်တိုင်းမ်သတင်းဌာနသည် မြန်မာနိုင်ငံအတွင်း အခြားသော သတင်းဌာနများနည်းတူ…

KNU တပ်မဟာ ၅ မှာ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုပိုမို လုပ်ဆောင်လာ

မော်လမြိုင်၊ စက်တင်ဘာ ၂၃ ကေအဲန်ယူ ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။ စက်တင်ဘာလဆန်းပိုင်းကစပြီး အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ဖာပွန်ခရိုင် KNLA တပ်မဟာ ၅ နယ်မြေထဲကို အရင်လတွေထက် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလှုပ်ဆောင်လာတာကြောင့် တိုက်ပွဲတွေနေ့စဉ်လိုလို ဖြစ်ပွားခဲ့တာပါ။ စက်တင်ဘာ ၂၀…

ရေးမြို့နယ်က Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

မော်လမြိုင်၊ စက်တင်ဘာလ ၂၃ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ရွာရှိ Mytel တာဝါတိုင် မနေ့ စက်တင်ဘာ ၂၂ ရက်နေ့ ည ၉ နာရီအချိန်ခန့်က မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ အဲဒီ Mytel တာဝါတိုင်ကို မီးရှို့ဖျက်ဆီးခဲ့တာ သူတို့ လက်ချက်ဖြစ်တယ်လို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ထုတ်ပြန်ပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တဲ့ Mytel တာဝါတိုင်ကို ပြီးခဲ့တဲ့…