မော်လမြိုင်၊ စက်တင်ဘာ (၂၀)

KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား ရက်(၂၀)အတွင်း တိုက်ပွဲ (၄၅) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၃၅) ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၅၀)ကျော် ရှိတယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် သံလွင်မြစ်ကမ်းနားက အာဏာသိမ်းစစ်ကောင်စီ၏တပ်စခန်းအချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့မှ တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။

လက်ရှိမှာတော့ အဲ့ဒီတပ်စခန်းတွေကို စစ်ကောင်တပ်တွေက ပြန်လည်တိုက်ယူဖို့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ KNDO ဒု – စစ်ဦးစီးအရာရှိ ဗိုလ်မှူးကြီး စောဘိုမီးက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.