တရုတ်အနေဖြင့် တာလီဘန်တို့နှင့် သဘောတူညီချက်တွေ ချုပ်ဆိုနိုင်ဖို့ ကြိုးစားလာပြီဟု သမ္မတဘိုင်ဒန် ပြောကြား
ဝါရှင်တန်၊ စက်တင်ဘာ ၈ အာဖကန်နစ္စတန်နိုင်ငံအတွင်း အစ္စလာမ်အစွန်းရောက်များ၏ အာဏာသိမ်းယူမှုပြီးသည့်နောက်တွင် တရုတ်နိုင်ငံအနေဖြင့် တာလီဘန်များနှင့် သဘောတူညီချက်ချုပ်ဆိုရန် ကြိုးစားလာနိုင်မည်မှာ သေချာကြောင်းဟူ၍ ဩဂုတ်လ ၁၅ ရက်နေ့၊ အင်္ဂါနေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ဥပဒေအရ ပိတ်ပင်တားဆီးထားသည့် ထိုအစုအဖွဲ့ကို ရန်ပုံငွေထောက်ပံ့နိုင်လိမ့်မည်ကို သူအနေဖြင့် စိုးရိမ်မှုရှိခဲ့ကြောင်းဟူ၍ သတင်းထောက်များထံသို့ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံက တာလီဘန်တွေနဲ့အတူ စစ်မှန်တဲ့ ပြဿနာတစ်ရပ်ရှိနေပြီးဖြစ်ပါတယ်။…