ဘီးလင်း၊ စက်တင်ဘာလ ၄

ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာမှာ စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရပြီး မြေးဖြစ်သူပါ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ညနေ ၄ နာရီကျော်ခန့်မှာ ဒေါက်ရပ်ကျေးရွာနေ ဦးမျိုးမြင့် အသက် ၅၈ နှစ်ဆိုသူမှာ မြေးဖြစ်သူနှင့်အတူ နေအိမ်မှ ကျေးရွာထိပ်သို့ ထွက်လာစဉ် ဆိုင်ကယ်ဖြင့်လာသူ အမျိုးသား ၂ ဦးမှ သေနတ်ဖြင့် ၆ ချက်ခန့်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦမျိုးမြင့်မှာ သေနတ်ဒဏ်ရာများရရှိကာ သေဆုံးသွားပြီး မြေးဖြစ်သူမှ ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။

“သူကရပ်ထဲရွာထဲမှာ ဒီလိုဘဲနေတာပါဘဲ ဒလန်ဟုတ် မဟုတ်ဆိုတာကတော့ ဒို့လဲ အတိအကျမပြောနိုင်ဘူး။ သေနတ်ပစ်ခံရပြီး သေသွားတာတော့ ဟုတ်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။”

ဦးမျိုးမြင့်သေနတ်နဲ့ ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးမှုပြုလုပ်နေတယိလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.