CDM လှုပ်ရှားမှုမှာ ပါဝင်လို့ လိုင်းခန်းကနေ အတင်းအဓမ္မ ပြောင်းရွှေ့ခံခဲ့ရတဲ့ မီးရထားဝန်ထမ်း၏ မိသားစုဝင်

မော်လမြိုင် ၊ ဩဂုတ် (၁၉)

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှုတွေဟာ  ဆက်တိုက်မြင့်တက်လာတယ်လို့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

လက်ရှိနိုင်ငံရေး အကြပ်အတည်းနှင့်အတူ စီးပွားရေးအခက်အခဲတွေကြောင့် အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှုတွေကို ပိုမိုခံစားလာရပြီး ဥပ‌ဒေရဲ့ အကာအကွယ် ပေးမှုကိုလည်း လျစ်လျှုရှုခံနေရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဟာ ဥပ‌ဒေအရ ရင်ဆိုင်ဖို့ သွားရောက်တိုင်းတန်းတာတွေ ရှိပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက ဆောင်ရွက်ပေးဖို့ ငြင်းပယ်တာတွေကို ကြုံတွေ့နေရပါတယ်။

“အမှုတွေကို တိုင်လို့မရဘူး၊တရားရုံးတွေက မဖွင့်ဘူး။ case တစ်ခုခု ဖြစ်လာပြီးဆို တိုင်ဖို့စခန်းကို သွားတယ်၊ စခန်းမှာက အကြောင်းအမျိုးမျိုးပြတယ်။ အုပ်ချုပ်ရေးမှူးတွေကလည်း ဒီကာလမှာ ဒီလိုအကြောင်းတွေတိုင်လည်း ဘာမှမထူးဘူးပြောတယ်။ ငွေများ ငွေနိုင်တာတွေ ဖြစ်လာတယ်”လို့ မေတ္တာဆုံစည်း အရပ်ဖက်အဖွဲ့အစည်း ဥက္ကဌ မသီသီနွယ်က ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတွေမှာလည်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့  လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ အချို့အမျိုးသမီးတွေဆိုရင် စစ်ကြောရေးစခန်းတွေမှာ  လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကို ခံခဲ့ရသလို စိတ်ဒဏ်ရာရအောင် ခြိမ်းခြောက်တာတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

အဲ့ဒီလို ဖြစ်စဥ◌်တွေမှာ ကျူးလွန်သူတွေဟာ စစ်ကောင်စီ လက်အောက်ခံတွေ ဖြစ်နေတဲ့အတွက် အပြစ်ပေးခံရတာမျိုး မရှိဘဲ အကြမ်းဖက်မှုတွေကို လွတ်လွတ်လပ်လပ် ကျူးလွန်နိုင်နေတယ်လို့ ဆိုပါတယ်။

“ အရင်ကဆို တခုခုဖြစ်ရင် တိုင်ကြားလို့ရမယ့် နေရာတွေရှိတယ်။ ရှေ့နေတွေ အဖွဲ့အစည်းတွေ ရှိတယ်၊ အစိုးရအောက်မှာ ဖွဲ့စည်းပေးထားတဲ့ တရားစနစ်က ရှိတာကိုး။ အခုက အဲ့ဒီတရားရေးစနစ်အကုန်လုံးက အကြမ်းဖက် စစ်ကောင်စီရဲ့ လက်အောက်မှာရှိတယ်။ တကယ့် တကယ် ကျူးလွန်မှုလုပ်တာတွေက စစ်ကောင်စီ ကိုယ်တိုင်ကပဲ ဖြစ်တယ်၊ နောက် သူတို့ရဲ့ နောက်လိုက်တွေ ဖြစ်တယ်”လို့ မြန်မာအမျိုးသမီးသမ္မဂ(BWU) အကြံပေး မတင်တင်ညိုက Myanmar Peace Monitor ရဲ့ တွေ့ဆုံမေးမြန်းခြင်း အစီအစဥ◌်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

လတ်တလောမှာလည်း ပြည်တွင်းမှာရှိတဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေထဲက တချို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နှင့် ဖမ်းဝရံထုတ်ထားလို့ ဖမ်းဆီးခံထားရသူတွေ ရှိပြီး အချို့က ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နိုင်ငံရေး အကျဥ◌်းသားများ ကူညီစောက်ရှောက်ရေးအသင်းရဲ့ ဩဂုတ်လ (၁၈)ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်ကို ဆန့်ကျင်လို့ ဖမ်းဆီးခံထားရသူ (၇၇၃၈) ဥ◌ီးရှိပြီး အဲ့ဒီအထဲမှာ ရာနဲ့ချီတဲ့ အမျိုးသမီး အကျဥ◌်းသားတွေ ပါဝင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.