March 27, 2021

ဒေါ်မာမာခိုင်အား ရုံးထုတ်မည့်ရက်ကို နောက်နှစ်ပတ် ထပ်မံရွှေ့ဆိုင်း

မော်လမြိုင် ၊ မတ် (၂၇) အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးထားတဲ့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်အား ရုံးထုတ်စစ်ဆေးမယ့်ရက်ကို နောက်နှစ်ပတ် ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။ ဒေါ်မာမာခိုင်နဲ့ ၎င်းရဲ့အမျိုးသားကို စစ်အုပ်စုက ဖေဖော်ဝါရီလ(၂၅)ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး ပုဒ်မ (၅၀၅)နှင့် အမှုဖွင့် တရားစွဲဆိုထားတာပါ။ ၎င်းတို့နှစ်ဦးကို မတ်လ (၁၂) ရက်နေ့ နှင့် မတ်လ (၂၅)ရက်နေ့တို့မှာ ရုံးထုတ်စစ်ဆေးမယ်ဆိုပြီး အခုတခါ…

မွန်ညီညွတ်ရေးပါတီမှ CEC ၁၅ ဦးအပါအဝင် ပါတီဝင် ၃၃ဦး ထပ်မံနှုတ်ထွက်

မော်လမြိုင်၊ မတ် ၂၆ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းခဲ့လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် (၁၅) ဦးအပါအဝင် ဗဟိုကော်မတီဝင်နှင့် မြို့နယ်အမှုဆောင် စုစုပေါင်း(၃၃) ဦး ဒီကနေ့မှာ ထပ်မံနှုတ်ထွက်ခဲ့ပါတယ်။ ယခုထပ်မံ နှုတ်ထွက်သူတွေထဲမှာ ဗဟိုတွဲဖက်အတွင်းရေးမှူး (၂) ဦး ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (၁၃) ဦး ၊ ဗဟိုကော်မတီဝင် (၁၁) ဦးနှင့်…