မော်လမြိုင်၊ ဇန်နဝါရီ ၁၅

မော်လမြိုင်မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့လုပ်ငန်းတွေကို မတ်လကုန်ပိုင်းမှာ အပြီးသတ်ဆောင်ရွက်သွားမယ်လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောပါတယ်။

၂၀၂၁ ခုနှစ်ကနေ စတင်တာဝန်ထမ်းဆောင်မယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မကြာခင်မှာ ရွေးချယ်ရတော့မှာပါ။

လက်ရှိမှာတော့ ရပ်ကျေးအုပ်စုအလိုက် ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်မိရပ်ဖတွေကို အုပ်ချုပ်ရေးမှူး ရွေချယ်တဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ ပတ်သက်ပြီးတော့ အသိပညာပေးခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“လကုန်ပြီး ပထမအပတ်မှာ ကြီးကြပ်ရေးအဖွဲ့တွေ ပြီးစီးအောင် ရွေးချယ်သွားမယ်။ ၁၃ရက်နေ့ကနေ ၂၀ရက်အတွင်းကို အသိပညာပေးခြင်းလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်။ ၂၀ကျော်ရင် ကြီးကြပ်ရေးမှူးရွေးမယ့်အကြောင်း ကြေငြာမယ်။ လကုန်ရင် ကြီးကြပ်ရေးမှူး ရွေးမယ်။ ရွေးပြီးလို့ နှစ်ပတ်ကြာရင် ဆယ်အိမ်စု ရာအိမ်စုဖွဲ့တာကို နှစ်ပတ်အတွင်းလုပ်မယ်။ ပြီးရင် ဥပဒေ၊ နည်းဥပဒေအတိုင်း သွားမယ်။ မတ်လကုန်ပိုင်းမှာ ရွေးချယ်မယ်”လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောပါတယ်။

ရွေးချယ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ ဧပြီလမှ စတင်ပြီးတော့ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေမှာ စိတ်အားထက်သန်စွာနဲ့ ရွေးချယ်ပေးကြဖို့ အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

မော်လမြိုင်မြို့နယ်အတွင်းမှာတော့ ရပ်ကွက် (၂၉)ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၁၃) အုပ်စုရှိပြီး အိမ်ထောင်စု (၅၃၇၀၀)ကျော် နေထိုင်ကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.