January 15, 2021

တရားမဝင်လုပ်သား မှောင်ခိုသွင်းမှုတွေမှာ ထိုင်းရဲအရာရှိတွေ ပါဝင်ပတ်သက်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၅) တရားမဝင်လုပ်သား မှောင်ခိုသွင်းမှုကို အားပေးကူညီမှုနှင့် သူတို့ရဲ့ ပေါ့ဆမှုတွေနဲ့ပတ်သက်ပြီး ထိုင်းတော်ဝင်ရဲတပ်ဖွဲ့သည် ရဲအရာရှိ (၃၃) ဦးနှင့် ပြည်နယ်အရာရှိတွေကို စုံစမ်းစစ်ဆေးမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ ကနဦးစစ်ဆေးချက်အရ ထိုင်း – မြန်မာနယ်စပ် ဆန်ခရဘူရီ ခရိုင် ရွှေ့ပြောင်းအလုပ်သမားများ တရားမဝင် မှောင်ခိုသွင်းမှုတွင် ၀န်ထမ်း ၃၃ ဦး ပါဝင်တယ်လို့…

မွန်အမျိုးသားကျောင်း ဆရာ ဆရာမတွေကို လစာထောက်ပံ့ပေးဖို့ ပြည်ထောင်စုအစိုးရကို တင်ပြထား

မော်လမြိုင် ၊ ဇန်နဝါရီ (၁၅) မွန်အမျိုးသားစာသင်ကျောင်းက ဆရာ ဆရာမတွေကို လစာထောက်ပံ့ပေးနိုင်ဖို့ ပြည်ထောင်စု အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းထားတယ်လို့ မွန်ပြည်နယ်လွှတ်တော် တိုင်ရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်ထူးက ပြောပါတယ်။ အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ အဓိက ရပ်တည်နေရတဲ့ မွန်အမျိုးသားကျောင်းတွေဟာ ဆရာမတွေရဲ့လစာအပါအဝင် ရုံးဝန်ထမ်းလစာ၊ ကျောင်းတည်ဆောက်ပြုပြင်တာတွေအတွက် နှစ်စဉ် ကျပ်သန်းနှစ်ထောင်ခန့် ကျခံ သုံးစွဲနေရပါတယ်။ ဒီလိုအ‌ခြေအနေတွေကြောင့် မွန်ပြည်နယ်တိုင်းရင်းသားရေးရာကော်မတီအနေနဲ့…

မော်လမြိုင်မြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို မတ်လကုန်တွင် အပြီးရွေးချယ်သွားမည်

မော်လမြိုင်၊ ဇန်နဝါရီ ၁၅ မော်လမြိုင်မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့လုပ်ငန်းတွေကို မတ်လကုန်ပိုင်းမှာ အပြီးသတ်ဆောင်ရွက်သွားမယ်လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောပါတယ်။ ၂၀၂၁ ခုနှစ်ကနေ စတင်တာဝန်ထမ်းဆောင်မယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မကြာခင်မှာ ရွေးချယ်ရတော့မှာပါ။ လက်ရှိမှာတော့ ရပ်ကျေးအုပ်စုအလိုက် ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်မိရပ်ဖတွေကို အုပ်ချုပ်ရေးမှူး ရွေချယ်တဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ ပတ်သက်ပြီးတော့ အသိပညာပေးခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့…