မော်လမြိုင် ၊ ဇန်နဝါရီ (၁၄)

အင်ဒိုနီးရှားနိုင်ငံရဲ့သမ္မတ ဂျိုကိုဝီဒိုဒိုသည် တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို ပထမဆုံးအကြိမ်ထိုးခဲ့ပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်ကို ယမန်နေ့ ဗုဒ္ဓဟူးနေ့က စတင်ခဲ့ပါတယ်။

အစိုးရမှ အင်ဒိုနီးရှားနိုင်ငံသားများကို ထောက်ပံ့ပေးတဲ့ ကာကွယ်ဆေးတွေဟာ ဘေးကင်းစိတ်ချရတယ်ဆိုတာကို လူအများ စိုးရိမ်မှုကင်းစေရန်အတွက် ဂျကာတာရှိ သမ္မတအိမ်တော်ရဲ့ လသာဆောင်မှာ သမ္မတရဲ့ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။

တရုတ်ရဲ့ Sinovac Biotech မှ CoronaVac လို့ခေါ်တဲ့ ကာကွယ်ဆေးကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အစိုးရက အရေးပေါ်အသုံးပြုရန်အတွက် အတည်ပြုပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို စတင်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ဆေးဟာ (၂) ကြိမ် ထိုးနှံရမှာ ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၅၉ နှစ်အကြားရှိ ကျန်းမာရေးဝန်ထမ်း  ၁.၄၅ သန်းကျော်ကို ဇန်နဝါရီနှင့်ဖေဖော်ဝါရီလများတွင် လိုအပ်သောဆေးနှစ်လုံး ကိုလက်ခံရရှိမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ဘူဒီ ဂူနဒီ ဆာဒီကင် ကပြောကြားခဲ့ပါတယ်။

အသက် ၆၀ နှင့်အထက်ရှိသူတွေကတော့  အမေရိကန်ဆေးဝါး ကုမ္ပဏီကြီး Pfizer နှင့် ဗြိတိန်ဆေးဝါးထုတ်လုပ်သည့် AstraZeneca တို့မှ ကာကွယ်ဆေးများရရှိရန် လိုအပ်တဲ့အတွက်ကြောင့် ကာကွယ်ဆေးထိုးရန် အချိန်အနည်းငယ်စောင့်ရမှာ ဖြစ်တယ်လို့ ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် အင်ဒိုနီးရှားသည် လူဦးရေသန်း ၂၇၀ ရှိသည့်အနက် ၁၈၂ သန်းခန့်ကို ကာကွယ်ဆေး ထိုးပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

မင်းဟံတလမွန်

REF – The Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.