မော်လမြိုင် ၊ ဇန်နဝါရီ (၁၃)

အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုစွပ်စွဲချက်ကို လန်ဒန်ရဲ့ ပြင်းထန်သော တုံ့ပြန်မှုအဖြစ် တရုတ်နိုင်ငံ ဇင်ဂျမ်း ပြည်နယ်မှ ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက် သို့မဟုတ် ၀င်ရောက်မှုကို တားဆီးရန် ဗြိတိန်ဟာ ကုမ္ပဏီများအတွက် စည်းမျဉ်းအသစ်များ ချမှတ်လိမ့်မည်ဟု နိုင်ငံခြားရေး ၀န်ကြီး ဒိုမီနစ် ရပ်ဘ် ကဇန်နဝါရီ ၁၂ ရက်ကပြောကြားခဲ့သည်။

ဇင်ဂျမ်းမှာရှိတဲ့ မွတ်စလင် ဥဂါးရ်များအကြား လူအတော်များများကို ထိခိုက်စေတဲ့ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုသည် UN ရဲ့ ခန့်မှန်းချက် အနည်းဆုံး တစ်သန်းခန့်ရှိပြီး အခြားလူနည်းစုများကို အလုပ်ကြမ်းစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ပါလီမန်သို့ မိန့်ခွန်းပြောကြားရာတွင် မစ္စတာ ရပ်ဘ် က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဘေဂျင်းကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

မစ္စတာရပ်ဘ်က ဥဂါးရ် တစ်သန်းကျော် အိုးအိမ်မဲ့ဒုက္ခသည်စခန်းတွေ၊ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းမှုများနှင့် ဥဂါးရ်အမျိုးသမီးတွေကို အတင်းအကျပ် မျိုးဆက်ဖြတ်ခြင်းနှင့် ဆက်လျဉ်း၍ ဗြိတိန်နိုင်ငံကို ရှင်းကျန်း နှင့်အဆက်အသွယ်ရှိတဲ့ မည်သည့်ထုတ်ကုန်ကိုမဆို ကင်းလွတ်စေလိုကြောင်း ပြောကြားခဲ့တာပါ။

“ကျနော်တို့အနေနဲ့ ဒီထက်ကို ပိုလုပ်သင့်တယ်၊ လုပ်လည်း လုပ်မှာပါ။  အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွင် ပါဝင်ပတ်သက်နေတဲ့ ကုန်ပစ္စည်း ရောင်းဝယ်သူများကြောင့် အပြည်ပြည်ဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှုကွန်ယက်တွင် ရှင်းကျန်းရဲ့ ပါဝင်ပတ်သက်မှုဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ အများပြည်သူဆိုင်ရာအဖွဲ့အစည်းတွေအတွက် အမှန်တကယ် အန္တရာယ်ရှိတယ်” လို့ ဝန်ကြီးက ပြောပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ကုန်ပစ္စည်း မည်မျှ ဇင်ဂျမ်းရဲ့ ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက်ထဲ ဝင်ရောက် ချိတ်ဆက်ထားလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လန်ဒန်သည် သမ္မတရှီကျင့်ဖျင်အား ဘုရင်မကြီးအဲလစ်ဇဘက်မှ တည်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုညစာစားပွဲ အပါအဝင် မြို့တော်သို့ လည်ပတ်ခြင်းများ စသည့် ရွှေခေတ်ကိုစတင်ပြီး ငါးနှစ်အကြာ ပြီးနောက် ဗြိတိန်၏ရပ်တည်ချက်သည် တရုတ်ကြား ပိုမိုဆိုးရွားတဲ့ ဆက်ဆံရေး အလားအလာ ဖြစ်လာနေခဲ့ပါတယ်။

ထိုအချိန်မှစ၍ ဗြိတိန်ဟာ ဟောင်ကောင်နှင့်ပတ်သက်၍ တရုတ်ကိုဝေဖန်ခဲ့ပြီး Huawei ပစ္စည်းတွေကို သူ့ရဲ့ 5G ကွန်ယက် မှ ဖယ်ရှားရန် အမိန့်ပေးခဲ့ပါတယ်။

စည်းမျဉ်းများနှင့် မကိုက်ညီတဲ့ ကုမ္ပဏီများတွေကို အစိုးရစာချုပ်များမှ တားမြစ်ထားပြီး ပို့ကုန်ထိန်းချုပ်မှုနှင့် ပတ်သက်၍ ဇင်ဂျမ်းကို သတ်သတ်မှတ်မှတ် ပြန်လည်သုံးသပ်မှုကိုလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။

 ဗြိတိန် အနေနဲ့ကတော့ တရုတ်နှင့် ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို လိုအပ်နေဆဲဖြစ်ပေမယ့် ကျနော်တို့ရဲ့ တန်ဖိုးနဲ့ လုံခြုံရေးကိုတော့ သည်းခံပေးနိုင်မှာ မဟုတ်ဘူးလို့ မစ္စတာရပ်ဘ်က ပြောပါတယ်။

မင်းဟံတလမွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.