December 24, 2020

ဖျက်သိမ်းထားတဲ့ အပန်းဖြေစခန်းကို ပြန်လည်စည်ကားအောင် မြောက်ကိုးရီးယား ကြိုးစားနေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄) မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် တောင်ကိုရီးယားမှ ဆောက်လုပ်တဲ့ အဆောက်အဦးများကို ဖြိုဖျက်ရန် အမိန့်ထုတ်ပြန်ပြီး တစ်နှစ်အကြာမှာ အထင်ကရ ခရီးသွားနေရာတစ်ခုဖြစ်တဲ့ Kumgang တောင်ကို နိုင်ငံတကာ ဧည့်သည်များအပန်းဖြေရာနေရာအဖြစ် ပြန်လည်ဖွံ့ဖြိုးအောင်ဆောင်ရွက်ဖို့ ပြုံယမ်းအစိုးရက စီစဥ်နေတာ ဖြစ်တယ်လို့ ဒီဇင်ဘာ ၂၀ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားပါတယ်။ နှစ်ဖက် ကိုရီးယားလူမျိုးတို့ရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ…

အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တဲ့ နေအိမ် (၂၃၀)ကျော်ကို အသွားအလာ ကန့်သတ်ထား

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄) ကိုဗစ်အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တဲ့ နေအိမ်(၂၃၀)ကျော်ကို အသွားအလာကန့်သတ် စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ဒေသတွင်း ကူးစက်မှု ဆက်တိုက်မြင့်တက်ခဲ့ပြီးနောက် အတည်ပြု လူနာနဲ့ ထိတွေ့ခဲ့သူတွေကို နေအိမ်မှာပဲ အသွားအလာ ကန့်သတ်ဖို့ မွန်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီလို ဆုံးဖြတ်ပြီး နှစ်ပတ်ကျော်…

အစိုးရရဲ့ ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ချပြပေးဖို့ မွန်လွှတ်တော် တိုက်တွန်း

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄) ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ တတိယအပတ်မှာ အစိုးရအဖွဲ့ရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကို မွန်ပြည်နယ်လွှတ်တော်က ကွင်းဆင်း စိစစ်ခဲ့ပြီး အကြံပြုချက်တွေပါတဲ့ အစီရင်ခံစာကို ဒီဇင်ဘာလ (၂၃)ရက်နေ့မှာ အစိုးရထံ ပေးပို့ခဲ့ပါတယ်။ လွှတ်တော်က တွေ့ရှိချက်တွေအရ…