မော်လမြိုင် ၊ နိုဝင်ဘာ (၃၀)

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုက အရှိန်မြင့်တက်နေတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

သထုံ ၊ ကျိုက်ထို နဲ့ မော်လမြိုင်မြို့နယ်တို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ (၅၀၀)နီးပါးရှိပြီး ထပ်ဆင့်ထိတွေ့ခဲ့သူတွေက ရာနဲ့ချီ ရှိနေတာပါ။

နိုဝင်ဘာလ (၂၉)ရက်နေ့ ညပိုင်းမှာလည်း မွန်ပြည်နယ်မှာ အတည်ပြုလူနာ (၁၄၃) ဦးကို စံချိန်တင် တွေ့ရှိခဲ့ပြီး အားလုံးကတော့ အသွားအလာ ကန့်သတ်ထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်တွေအရ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူ (၅၀) ရာခိုင်နှုန်းမှာလည်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကို ထပ်မံ တွေ့ရှိရတယ်လို့ ကူးစက်မှုဟာ ပျံ့နှံ့နေတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ် ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။

“ပိုးတွေ့တယ် ပိုးတွေ့တဲ့သူတွေရဲ့ contact တွေကို စစ်တဲ့အခါမှာလည်း တစ်ဝက်လောက်မှာ ကိုဗစ်-၁၉ ပိုးကို ပြန်တွေ့တယ်။အာ့တော့ ကူးစက်မှု အရှိန်အဟုန်က မြန်နေတယ်လို့ပဲ ပြောရမယ်”လို့ ဆိုပါတယ်။

အခုလို အတည်ပြုလူနာတွေအပြင် ထပ်ဆင့် ထိတွေ့ခဲ့သူတွေလည်း များပြားနေတာကြောင့် ကုသရေးကို မော်လမြိုင်မြို့အပြင် သထုံမြို့မှာပါ ဆောင်ရွက်နေရပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ရင် အိမ်အပြင်မထွက်ဖို့နဲ့ mask တပ်တာတွေအပြင် လက်တွေကိုပါ စနစ်တကျဆေးဖို့ ကျန်းမာရေးဌာနက တိုက်တွန်းလိုက်ပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ နိုဝင်ဘာလ (၃၀)ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၁၃၀၀)ကျော် ရှိပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.