October 21, 2020

မဲလက်မှတ်မှာ ညီညွတ်သောဒီမိုကရက်တစ်ပါတီကို မဲပေးရင် ပယ်မဲဖြစ်မည်

မော်လမြိုင် ၊ အောက်တိုဘာ (၂၁) မဲလက်မှတ်မှာ နှင်းဆီတံဆိပ်နဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)ကို မဲပေးမယ်ဆိုရင် ပယ်မဲအဖြစ် သတ်မှတ်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ နှင်းဆီပါတီလို့လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပြဌာန်းချက်တွေနဲ့ ငြိစွန်းနေလို့ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတာကို ခုလ ၁၇ ရက်နေ့က ပယ်ဖျက်ခဲ့တာပါ။ အာ့ဒီလို ပါတီဖျက်သိမ်းပြီးတဲ့နောက်မှာ ဆန္ဒမဲလက်မှတ်တွေကို အသစ်ထပ်မံ…

သထုံခရိုင်အတွင်းမှာ မဲပေးဖို့ ပုံစံ (၃-က) နဲ့ လျှောက်ထားသူ ၁၅၀၀ ကျော်ရှိ

မော်လမြိုင် ၊ အောက်တိုဘာ (၂၁) ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို သထုံခရိုင်အတွင်း မဲပေးဖို့ ပုံစံ(၃-က) နဲ့ လျှောက်ထားသူ (၁၅၀၀) ကျော် ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေဟာ မိမိတို့ရဲ့ အမြဲတမ်းနေရပ်ကို သွားရောက်ပြီး မဲပေးလိုခြင်းမရှိရင် မိမိတို့ရောက်ရှိနေတဲ့ မဲဆန္ဒနယ်က ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို…

တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းတွေ ပြည်နယ်တစ်ဝှမ်း မဲဆွယ်စည်းရုံးဖို့ အခက်တွေ့

မော်လမြိုင် ၊ အောက်တိုဘာ (၂၁) ကိုဗစ်ကန့်သတ်ချက်တွေကြောင့် တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ပြည်နယ်တစ်ဝှမ်းမှာ မဲဆွယ်စည်းရုံးရေးတွေ ဆောင်ရွက်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။ ပြည်နယ်အခြေစိုက်မဟုတ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီနဲ့ ကရင်ပြည်သူ့ပါတီတို့က မွန်ပြည်နယ်မှာ ကရင်နဲ့ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ယှဉ်ပြိုင်ကြမှာပါ။ မွန်ပြည်နယ်မှာ ဆန္ဒမဲပေးခွင့်ရှိတဲ့ ကရင်တိုင်းရင်းသား(၂၂၀၀၀၀)နီးပါးရှိပြီး ပအိုဝ်းတိုင်းရင်းသားက (၅၅၀၀၀)နီးပါးရှိပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကလည်း ၂ ပတ်လောက်သာ ကျန်တော့ပေမယ့် လက်ရှိ ကိုဗစ်…