October 20, 2020

ဒုတိယအကြိမ် မဲစာရင်း မွန်ပြည်နယ်အတွင်း ပြင်ဆင်ဖြည့်စွက်သူ (၃၀၀၀၀)ကျော် ရှိ

မော်လမြိုင် ၊ အောက်တိုဘာ (၂၀) ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာပြီးနောက်မှာ မွန်ပြည်နယ်အတွင်း မဲစာရင်း ပြင်ဆင်ဖြည့်စွက်သူ (၃၀၀၀၀) ကျော် ရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ပြောပါတယ်။ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့က ၁၄ ရက်အထိ ကပ်ထားကြေညာခဲ့တာဖြစ်ပါတယ်။ အဲလိုကပ်ထားကြေညာထားတဲ့အခါမှာ သက်ဆိုင်ရာရပ်/ကျေးကော်မရှင်ရုံးမှာ ကြည့်ရှုနိုင်သလို ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လူမှုကွန်ယက်ဖေ့စဘုတ်စာမျက်နှာနဲ့ အပလီကေးရှင်း တွေမှာလည်း…

ရွေးကောက်ပွဲနေ့မှာ ယာဉ်အကြိုအပို့ စီစဉ်ပေးဖို့ မသန်စွမ်းသူများအသင်းတောင်းဆို

မော်လမြိုင် ၊ အောက်တိုဘာ (၂၀) မဲရုံတွေမှာ မသန်စွမ်းတွေ သွားရောက်ဆန္ဒမဲပေးတဲ့အခါ အဆင်ပြေအောင် ယာဉ်အကြိုအပို့ စီစဉ်ပေးဖို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်းက တောင်းဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့စာရင်းတွေအရ မွန်ပြည်နယ်အတွင်း ဆန္ဒမဲပေးနိုင်တဲ့ မသန်စွမ်းဦးရေ(၄၀၀၀)ကျော် ရှိပါတယ်။ ပြည်နယ်အတွင်းမှာ မသန်စွမ်းတွေအတွက် သီးသန့်မဲရုံ မရှိတာကြောင့် အလွယ်တကူ မဲသွားပေးနိုင်အောင် အခုလို တောင်းဆိုရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ တချို့က…

ကရင်ပါတီနဲ့ကရင်တိုင်းရင်းသားကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့ KNU တိုက်တွန်း

မော်လမြိုင် ၊ အောက်တိုဘာ (၂၀) ကရင်တိုင်းရင်းသားတွေအနေနဲ့ ကရင်ပါတီနဲ့ကိုယ်စားလှယ်လောင်းတွေကိုသာ မဲပေးကြဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ လွှတ်တော်အတွင်းမှာ ကရင်အမျိုးသားတွေ ပါဝင်လာစေဖို့ ရည်ရွယ်ပြီးတော့ အောက်တိုဘာလ (၁၅)ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ NCA (၅)နှစ်ပြည့် နှစ်ပတ်လည် ကြေညာချက်မှာ KNU က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ “ကရင်အမျိုးသားတွေရဲ့ လွှတ်တော်နိုင်ငံရေးမှာပါဝင်လာဖို့အတွက် အားပေးတဲ့သဘော၊ လွှတ်တော်အတွင်းပါဝင်လာခြင်းအားဖြင့် ကိုယ့်အမျိုးသားတွေရဲ့လိုလားချက်တွေကို…