October 19, 2020

ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက် တိုင်းရင်းသားများအပေါ် တရားမျှတမှု မရှိဟု ဆို

မော်လမြိုင် ၊ အောက်တိုဘာ (၁၉) တိုင်းရင်းသားဒေသက မဲဆန္ဒနယ်တစ်ချို့မှာ ရွေးကောက်ပွဲမကျင်းပတာဟာ တိုင်းရင်းသားမဲဆန္ဒရှင်တွေအပေါ် တရားမျှတမှု မရှိဘူးလို့ တိုင်းရင်းသားပါတီတွေက အောက်တိုဘာလ (၁၈)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ် ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားနယ်မြေတစ်ချို့မှာ ရွေးကောက်ပွဲ မကျင်းပတော့ကြောင်း အောက်တိုဘာ (၁၆)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်က ရွေးကောက်ပွဲရဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကိုပါ မေးခွန်းထုတ်စရာဖြစ်စေပြီး အဲဒီဒေသတွေက…

ကြိုတင်မဲပေးနိုင်ဖို့ အောက်တိုဘာ ၂၅ ရက်နေ့နောက်ဆုံးထား လျှောက်ရမည်

အောက်တိုဘာ ၁၉၊ ၂၀၂၀ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် နေရပ်ပြန်ပြီး မဲမပေးနိုင်တဲ့ အဝေးရောက် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနိုင်ဖို့ အောက်တိုဘာ ၂၅ ရက်နေ့နောက်ထား လျှောက်ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။ နေရပ်ပြန်ပြီး မဲမပေးနိုင်တဲ့ အဝေးရောက် မဲဆန္ဒရှင်တွေဟာ ကြိုတင် မဲပေးနိုင်ဖို့ ပုံစံ (၁၅) နဲ့ မိမိတို့ရောက်ရှိနေတဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေမှာ လျှောက်ထားရမှာဖြစ်ပါတယ်။ ပုံစံ (၁၅) တွေကို…

တိုင်းရင်းသားပါတီ ထောက်ခံသူတွေ အပြန်အလှန် ဝန်းရံပြီး မဲဆွယ်စည်းရုံး

မော်လမြိုင်၊ အောက်တိုဘာ ၁၉ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ယှဉ်ပြိုင်မယ့် တိုင်းရင်းသားပါတီ ထောက်ခံသူတွေဟာ အပြန်အလှန် ဝန်းရံပြီး မဲဆွယ်စည်းရုံးရေးကို ဆောင်ရွက်နေကြပါတယ်။ ထောင်နဲ့ချီတဲ့ မွန် ၊ ကရင် ၊ ပအိုဝ်းတိုင်းရင်းသားပါတီ ဝန်းရံသူတွေက အောက်တိုဘာလ(၁၈)ရက်နေ့က သထုံမြို့မှာ အင်းအားပြ လှည့်လည်ခဲ့ကြပါတယ်။ သထုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်တာ မရှိပေမယ့် ပအိုဝ်းနဲ့ကရင် ပါတီဝန်းရံသူတွေ…