September 18, 2020

ပေါင်မြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီးအတွက် ဝင်ပြိုင်မည့်သူများ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပေါင်မြို့နယ် မဲဆန္ဒနယ်အတွက် တိုင်းရင်းသားလူမျိုးရေးရာမဲဆန္ဒနယ်အပါအဝင် နိုင်ငံရေးပါတီပေါင်း (၁၂)ပါတီနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၅၂)ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ လွှတ်တော်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် (၁)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁၀) (၁)နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)နေရာဖြင့် စုစုပေါင်း (၄)နေရာရရှိသော ပေါင်မြို့နယ်တွင် နိုင်ငံရေးပါတီ (၇)ခုက နေရာပြည့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။…

သံဖြူဇရပ်မြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီးအတွက် ဝင်ပြိုင်မည့်သူများ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်အတွက် တိုင်းရင်းသားလူမျိုးရေးရာမဲဆန္ဒနယ်အပါအဝင် နိုင်ငံရေးပါတီပေါင်း (၁၂)ပါတီနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၄၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ လွှတ်တော်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် (၁)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၈) (၁) နေရာ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)နေရာဖြင့် စုစုပေါင်း (၄)နေရာရရှိသော သံဖြူဇရပ်မြို့နယ်တွင် နိုင်ငံရေးပါတီ (၅)ခုက နေရာပြည့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၂၀၁၀…

မွန်ပြည်နယ်အတွက် ရွေးကောက်ပွဲ သုံးကြိမ်တွင် ဝင်ပြိုင်ကြသည့် ပါတီများ နှိုင်းယှဉ်ချက်

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကျင်းပသည့် ရွေးကောက်ပွဲများဖြစ်သော ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတို့တွင် မွန်ပြည်နယ်၌ ပါတီယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများစာရင်းကို သံလွင်တိုင်းမ်သတင်းဌာနမှ ပြုစုထုတ်ပြန်လိုက်ပါသည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၇)ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က အနိုင်ရရှိခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်…

ရွေးကောက်ပွဲဝင်ပြိုင်ကြသည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ နိုင်ငံရေးပါတီများနည်းတူ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများသည်လည်း ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ မွန်ပြည်နယ်၌ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၃)ဦး၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၂၂)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ ချောင်းဆုံမြို့နယ်မှ လွဲပြီး ကျန်(၉)မြို့နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး…

မွန်ပြည်နယ်တွင် ပါတီ (၁၇)ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၃၀၂)ဦးဝင်ရောက်ယှဉ်ပြိုင်မည်

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ (၁၇)ခုမှ ကိုယ်စားလှယ်လောင်း (၂၉၁)ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁၁)တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့မှာ မွန်ပြည်နယ်၏ မဲဆန္ဒနယ်အားလုံးဖြစ်သော (၄၅)နေရာလုံးကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီကမူ သထုံနှင့် ဘီးလင်းမဲဆန္ဒနယ်အပါအဝင် ကရင်တိုင်းရင်းသားရေးရာနှင့် ပအိုဝ်းတိုင်းရင်းသားရေးရာမဲဆန္ဒနယ်မပါဘဲ ကိုယ်စားလှယ်လောင်း (၃၅)ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနှင့်…