August 2020

ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ချိန်အထိ စောင့်ကြည့်ရေးစခန်းများ ဖွင့်လှစ်သွားမည်

ရေး ၊ ဩဂုတ် ၃ ကိုဗစ်-၁၉ ကို ထိန်းချုပ်နိုင်တဲ့ အချိန်အထိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာ quarantine center တွေ ဖွင့်လှစ်သွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လကစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့က မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွေမှာ quarantine centre ၁၂ နေရာ၊ အပူချိန် တိုင်းတာစစ်ဆေးခြင်းနဲ့လူအဝင်အထွက် စစ်ဆေးရေးဂိတ်…

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာ မြေပြိုမှုနှင့် လမ်းရေကျော်မှုတွေ ဖြစ်

သထုံ၊ ဩဂုတ် ၃ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာ မြေပြိုမှုနဲ့ လမ်းရေကျော်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဩဂုတ်လ (၂) ရက်နေ့နဲ့ (၃) ရက်နေ့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် သထုံမြို့ မြသပိတ်တောင်တက် ကားလမ်း မြေပြိုခဲ့တဲ့အပြင် မုဒုံ- သံဖြူဇရပ်ကားလမ်းနဲ့ သထုံ – ဘားအံ ကားလမ်းတို့မှာ လမ်းရေကျော်ခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။…

မွန်က NLD ကိုယ်စားလှယ်လောင်း အချို့ အပြောင်းအလဲ ရှိမည်

မော်လမြိုင် ၊ ဩဂုတ် (၂) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတဲ့ မွန်ပြည်နယ်က NLD ကိုယ်စားလှယ်လောင်းအချို့ အပြောင်းအလဲရှိမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မွန်ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က အတည်ပြု ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း (၁၁၃၁) ဦး အမည်စာရင်းကို ဇူလိုင်လ (၂၃) ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။…

ပေါင်မြို့ပေါ်ရပ်ကွက်က နေအိမ် ငွေသား(၁၈၅)သိန်းခန့်နှင့် ရွှေ(၈)ကျပ်သားခန့် ဖောက်ထွင်းခံရ

ပေါင်၊ ဩဂုတ် ၂ သထုံခရိုင်၊ ပေါင်မြို့ မိုးနိုင်းရပ်ကွက် မြိုင်သုခလမ်းက နေအိမ်တစ်လုံးမှာ ဩဂုတ်လ (၁) ရက် ညပိုင်းမှာ ငွေသားသိန်း ၁၈၅ ကျပ်ခန့်နဲ့ ရွှေ(၈) ကျပ်သား ခန့်‌ ဖောက်ထွင်းခံခဲ့ရတယ်လို့ မိုးနိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဩဂုတ်လ ၁ ရက်နေ့ညနက်ပိုင်းမှာ မြိုင်သုခလမ်းနေ ဒေါ်တင်မိုးမိသားစုဟာ နေအိမ်အောက်ထပ်မှာ အိပ်ပျော်နေစဉ် နေအိမ်‌နောက်ဖေးဘက် သွပ်မိုးထားသောနေရာမှ…