မော်လမြိုင်၊ အောက်တိုဘာ ၂၂

မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမမှာ ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင်မွန်ပြည်နယ်၏ ၂၀၁၈ – ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ Citizen’s Budget စာစောင် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘဏ္ဍာငွေများ စီမံခန့်ခွဲရာတွင် ပြည်နယ်အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတတ်စေရန်နှင့် လူနေမှုအဆင့်အတန်းမြင့်မားစေရန် ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ဘဏ္ဍာငွေများကို စနစ်တကျ ခွဲဝေသုံးစွဲလျက်ရှိကြောင်း ဒေါက်တာအေးဇံက ပြောသည်။

“Citizen’s Budget ဆိုတာ တိုင်းပြည်ရဲ့ ရငွေ၊ သုံးငွေအခြေအနေတွေကို အကျဉ်းချုပ်ပြီး ပြည်သူတွေ သိအောင် ပွင့်ပွင့်လင်းလင်းပြောပြထားတဲ့ စာစောင်ဖြစ်ပါတယ်”ဟု ဒေါက်တာအေးဇံက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ မှုဝါဒရည်မှန်းချက်များ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုအခြေအနေများ၊ မည်သည့်လုပ်ငန်းများဆောင်ရွက်နေသည့်ကို ပြည်သူလူထုများ သိရှိနိုင်စေရန် ၂၀၁၈ – ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို အခြေခံ၍ ဘတ်ဂျတ်ဆိုင်ရာ ပွင့်လင်းမြင်သာမှု မှတ်တိုင်အဖြစ် မွန်ပြည်နယ်၏ ၂၀၁၈ – ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ Citizen’s Budget စာစောင်ကို ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် မွန်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍအတွက် ၂၈.၆၁ ရာခိုင်နှုန်းအဖြစ်အများဆုံးအသုံးပြုမည်ဖြစ်ကာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် E-Government လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဝ.၂၅ ရာခိုင်နှုန်းဖြင့် အနည်းဆုံးအသုံးပြုမည်ဖြစ်ကြောင်း Citizen Budget ဖော်ပြချက်အရသိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.