September 25, 2018

မွန်ပြည်နယ်တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားသူ ၁၀၃ ဦး ရှိ

မော်လမြိုင်၊ စက်တင်ဘာ ၂၅ မွန်ပြည်နယ်တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားသူ ၁၀၃ ဦး ရှိကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(သတ္တမနေ့)၌ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် လမ်းခင်းကျောက်ထုတ်လုပ်ခွင့် သက်တမ်းတိုးလျှောက်ထားသူ ၈၉ ဦး၊…