May 2018

နိုင်ငံသားစိစစ်ရေးကဒ်နှစ်ခု ကိုင်ဆောင်ခဲ့သူ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် တရားစွဲဆို

မော်လမြိုင်၊ မေ ၃၀ နိုင်သားစိစစ်ရေးကဒ်နှစ်ခု ကိုင်ဆောင်မှုဖြင့် အမှုဖွင့်ခံထားရသော မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးကို မေ ၂၉ ရက်နေ့က မော်လမြိုင်မြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။ နိုင်သားစိစစ်ရေးကဒ်အား လိမ်လည်အတုပြုကိုင်ဆောင်ခြင်း၊ ဖခင်အမည်နှင့် လူမျိုးတို့အား ဖုံးကွယ်လိမ်လည်၍ နိုင်သားစိစစ်ရေးကဒ် ပြုလုပ်ခဲ့သူ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးအပေါ် ဥပဒေအရအရေးယူပေးရန်…

မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို လူ ၁၂၀၀ ခန့်ဝင်ရောက်ဖြေဆို

မော်လမြိုင်၊ မေ ၂၁ (၁၉)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားရေးအဖွဲ့ စာဖြေပွဲအခမ်းအနားကို မေလ(၂၁)ရက်နေ့က မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ သာသနာ၂၅၀၀ ကျောင်းတွင် ကျင်းပခဲ့သည်။ အဆိုပါစာဖြေပွဲတွင် မုတ္တမသမိုင်း၊ ဟံသာဝတီသမိုင်း၊ သုဝဏ္ဏဘူမိသမိုင်း၊ မွန်ယဉ်ကျေးမှုသမိုင်း၊ အဘိဓမ္မာ၊ မွန်စာပေသမိုင်း စတဲ့ဘာသာရပ်(၆)မျိုးကို ဖြေကြားခဲ့သည်။ စာဖြေပွဲကို မွန်ဒေသလုံးဆိုင်ရာအဖွဲ့တွေဖြစ်တဲ့ မန္တလေး၊ရန်ကုန်၊ ပဲခူး၊ ကရင်ရှိ မြို့နယ် (၁၈)…