လူငယ်တွေဟာ အသက်ငယ်ပေမယ့်လည်း နိုင်ငံတော်အတွက်တစ်ထောင့်တစ်နေရာကနေ စွမ်းစွမ်း တမံကျရာတာဝန်ကို ထမ်းဆောင်နေကြပါတယ်။ မော်လမြိုင်ခရိုင်မီးသတ်ဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိပြီး ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးလျ

က်ရှိသော မီးသတ်ဌာနရဲ့တပ်ကြပ်ကြီး ကိုပြည့်စုံထွန်းနှင့် သံလွင်တိုင်းမ်တို့ တွေ့ဆုံဖြစ်ခဲ့ပုံကို တင်ဆက်ပေးလိုက်ပါတယ်။

တင်ဆက်သူ – နောင်ခန့်

မေး။ ။အကိုအနေနဲ့ မီးသတ်ဌာနကိုဝင်ရောက်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါဦး။
ဖြေ။ ။မီးသတ်ထဲကိုဝင်ဖြစ်တာကတော့ မျိူးရိုးအရပေါ့။ အဖိုးလည်းမီးသတ်ပဲ။ အဖေလည်းမီးသတ်ပဲ။ မီးသတ် သားသမီးတစ်ယောက်အနေနဲ့ဆိုတော့ ဒီအလုပ်ကိုငယ်ငယ်လေးကတည်းက စိတ်ဝင်စားတယ်။ ဒါကြောင့်ဝင် ဖြစ်ခဲ့တာပါ။

မေး။ ။အကိုအနေနဲ့မီးသတ်ဌာနကို စဝင်ရောက်လာတုန်းက ဘယ်လိုအခက်အခဲတေကြုံရလဲအကို။
ဖြေ။ ။စဝင်တာကတော့ ၂၀၀၈ခုနှစ်လောက်ကပေါ့။ စဝင်တဲ့အချိန်မှာပဲ။ မော်လမြိုင်မှာ အကြီးဆုံးမီးလောင်မှု ဖြစ်တဲ့ အောက်ဈေးကြီးမီးလောင်မှုနဲ့ ကြုံတယ်။ အဲဒါကိုစငြှိမ်းရတယ်။ အတွေ့အကြုံတော့ တော်တော်လေးရ သွားတယ်။ မီးလောင်မှုနဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေကို လက်တွေ့ကြုံရတော့ ပိုနားလည်သွားတယ်။ မီး လောင်ရင် ဘယ်လောက်အကွာအဝေးမှာနေရမလဲ။ ဘယ်လိုငြှိမ်းသတ်ရမလဲဆိုတာတွေကို သိလိုက်ရတယ်။

မေး။ ။မီးသတ်ဌာနမှာ တာဝန်ထမ်းဆောင်တဲ့ကာလတစ်လျှောက်မှာ မှတ်မှတ်ရရဖြစ်စေမယ့် အတွေ့အကြုံတွေ ရှိရင် ပြောပြပေးပါဦးအကို။
ဖြေ။ ။မှတ်မှတ်ရရဖြစ်စေတဲ့ အတွေ့အကြုံတွေကတော့ အောက်ဈေးမီးလောင်မှု၊ နီလာရွှေစင်မီးလောင်မှုတွေ ပေါ့။ မီးလောင်မှုကြီးရင် ပိုပြီးမှတ်မှတ်ရရဖြစ်တယ်လေ။ အဲ့လိုတွေဖြစ်လာရင် ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကို အကုန်ချပြရတယ်လေ။ အဲဒီအချိန်က အကိုက မီးငြှိမ်းတဲ့နေရာမှာ ဖိုက်တာနေရာပေါ့။ လူငယ်တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် စွမ်းစွမ်းတမံလုပ်ဆောင်ရတယ်။ အိမ်တစ်လုံးမီးလောင်ရင် နောက်အိမ်မကူးအောင် ဖြိုရမယ်။ ဖျက်ရမယ်။ ရွာတွေဘက်မှာဆိုရင် ကားလမ်းပိတ်တဲ့အခါ ဆင်းတွန်းရတာတွေလည်း ရှိတယ်။

မေး။ ။လူငယ်တွေအနေနဲ့မီးသတ်ဌာနအင်အားတိုးဖို့အတွက် ဘာကြောင့်ဝင်ရောက်သင့်တယ်လို့ထင်လဲအကို။
ဖြေ။ ။ဝင်ရောက်သင့်တယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ လူကြီးတွေက တစ်ဖြည်းဖြည်းနဲ့စွမ်းဆောင်ရည် ကျလာပြီး လူငယ်တွေကတော့သင်ကြားလို့ကောင်းတုန်းပဲ။ သူတို့အရွယ်က အခုသင်အခုတတ်ပဲ။ ပညာတတ် တွေလည်း ရောက်လာတော့ အရာရှိဘွဲ့ရတာတွေလည်း များလာတယ်။ ရှစ်တန်းအောင် ကိုးတန်းအောင်ဆိုရင် မီးသတ်ထဲကိုဝင်လာလို့ရပါတယ်။ အချို့အပြင်က အလုပ်သမား ကောင်လေးငယ်ငယ်တွေဆိုရင် ကြိုးစားမှုမရှိ ဘဲ ပျော်သလိုပဲ ကြုံရာကျပန်းလုပ်နေကြတယ်။ သူတို့သာ မီးသတ်ထဲကို ဝင်လာမယ်ဆိုရင် တက်လမ်းများ မယ်လို့မြင်တယ်။ မိဘလုပ်စားထိုင်စားနေမယ့်အစား ရပ်ရွာအကျိုး၊မိသားစုအကျိုးကို ကြည့်ပြီးမီးသတ်ထဲကို ဝင်လာမယ်ဆိုရင်ကောင်းမယ်။
image1
မေး။ ။မြို့တစ်မြို့မှာမီးသတ်ဌာနက ဘယ်လောက်အရေးပါတယ်လို့ထင်မြင်မိလဲအကို။
ဖြေ။ ။ မီးသတ်ဌာနကမပါမဖြစ်ကို အရေးပါတယ်။ ဘာလို့လဲဆိုတော့ မီးသတ်ဆိုတာကအခုမှရှိလာတာ မဟုတ်ဘဲ ဟိုးအရင်ပုဂံခေတ်ကတည်းက ရှိလာတာ။ မီးသတ်စခန်းမရှိတဲ့နေရာတွေဆိုရင် မီးလောင်မှုဖြစ်ရင် ငြှိမ်းသတ်ဖို့ တော်တော်ခက်တယ်။

မေး။ ။မီးသတ်ဌာနကို ဝင်ရောက်ချင်တဲ့ လူငယ်တွေအတွက် ဘာတွေပြင်ဆင်ရမလဲဆိုတာ ပြောပြပေးပါဦး အကို။
ဖြေ။ ။မီးသတ်တပ်ဖွဲ့ထဲကို ဝင်လာမယ်ဆိုရင်လူငယ်တွေအနေနဲ့ကတော့ အဓိကကတော့ အသက်ငယ်ပေမယ့် ဝန်ထမ်းဆိုတဲ့စိတ်ကို ထားရမယ်။ ဝန်ထမ်းဖြစ်လာပြီးဆိုရင် နယ်တွေကိုရွှေ့ပြောင်းရမယ်။ ရန်ကုန်က ဝင်ပေ မယ့်လည်း အထက်ကလိုအပ်တဲ့နေရာမှာပဲ ချပေးမှာ။ စိတ်ဓာတ်ကြံ့ခိုင်မှုလည်းရှိရမယ်။ မီးသတ်ထဲကို ဝင်ချင် တယ်ဆိုတာနဲ့ မလုံလောက်ဘူး။ နယ်ရွှေ့နယ်ပြောင်းတာတွေကိုလည်း ခံနိုင်ရမယ်။ မိသားစုအရေးကိုလည်း ခေါင်းထဲအရမ်းမထည့်ထားရဘူး။ ဘာလို့လဲဆိုတော့ အဲဒါခေါင်းထဲရောက်နေမယ်ဆိုရင် တာဝန်ပိုင်းမှာ ပေါ့ လျော့လာမယ်လို့ထင်တယ်။

သံလွင်တိုင်းမ်ရဲ့ စာဖတ်ပရိသတ်များခင်ဗျာ မီးသတ်ဌာနမှာတာဝန်ထမ်းဆောင်နေတဲ့ ကိုပြည့်စုံထွန်း ရဲ့ အတွေ့အကြုံလေးတွေကို ဖတ်ရှုလိုက်ရတဲ့အတွက် ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်အပတ်မှာလည်း ဘယ်လိုလူငယ်လေးတွေက ဘယ်အခန်းကဏ္ဍကနေ တာဝန်ထမ်းဆောင်နေကြလဲ ဆိုတာ သိရဖို့အတွက် ဆက်လက်စောင့်မျှော်ဖတ်ရှုကြပါဦး ခင်ဗျား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.