သတင်းအရင်းအမြစ် – todayonline.com

ဘာသာပြန်ဆိုသူ – မျိုးမြတ်လွင်

လွန်ခဲ့သော ၂၃ နှစ်ခန့်က ရမ်ဘိုမင်းသား (Sylvester Stallone) နေအိမ်မှာ အော်စကာဆုပေးပွဲ ကြည့်ခဲပြီးကတည်းက သူလည်း ထိုဆုတစ်ခုကို လိုချင်သည်ဟု ဆုံးဖြတ်ချက်ချခဲ့သော အချိန်လေးတစ်ခုဖြစ်ကြောင်း ဂျက်ကီချန်းပြောကြားသည်။

နိုဝင်ဘာ ၁၂ ရက်နေ့၊ ဘုရင်ခံများဆုပေးပွဲ၌ တရုတ်မင်းသားတစ်ယောက်က အော်စကာဆုကို ရုပ်ရှင်လောကထဲ ရာစုနှစ်များစွာ ရင်းနှီး မြုပ်နှံပြီးသည့်နောက် လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

“ရုပ်ရှင်လုပ်ငန်းထဲမှာ နှစ်ပေါင်း ၆၅ လောက်ကြာပြီးတဲ့မှာ၊ ရုပ်ရှင်ကားပေါင်း ၂၀၀ ထက်မနည်း ပါဝင်သရုပ်ဆောင်ပြီးသည့်နောက်မှာ အရိုးပေါင်းများစွာ အကျိုးခံပြီးသည့်နောက်မှာ အဲ့တာတွေရဲ့ နောက်ဆုံးမှာ” ဟု အသက် ၆၂ နှစ်အရွယ် ချန်းက ထိုညစာစားပွဲတွင် သူ၏ အော်စကာဆုလေးကို ဆုပ်ကိုင်ရင်း ပြောကြားသည်။

ရုပ်ရှင်ကားအတော်များများတွင် ပါဝင်ခဲ့ပေမယ့် သူခမျာ ဘာကြောင့် ဟောလီးဝုဒ်ထိပ်တန်းဖြစ်ရန်သက်သေမရှိသလဲဟု သူ၏ မိဘနှစ်ပါးက အော်စကာဆုပေးပွဲ ကြည့်ရှုစဉ်အတောအတွင်း မေးမြန်းခဲ့ဖူးကြောင်းကိုလည်း ပြန်လည်ပြောဆိုခဲ့သည်။

သူ့ကို တရုတ်လူမျိုးတစ်ယောက်ဖြစ်စေသည့်အတွက် ဟောင်ကောင်မြို့ကိုလည်း ကျေးဇူးတင်ကြောင်း၊ သူ၏ ပရိသတ်များကိုလည်း ကျေးဇူးတင်ကြောင်း၊ ဆက်လက်၍လည်း ရုပ်ရှင်အတော်များများကို ရိုက်ကူးမည်ပြီး ပြတင်းပေါက်များအတွင်း ခုန်ဝင်ခြင်းမျိုး၊ ကန်ကြောက်ခြင်းမျိုး၊ ကိုယ့်အရိုးကိုယ်ချိုးခြင်းမျိုး များကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုညနေခင်း တွေ့ဆံပွဲသို့ ဟောလီးဝုဒ်ထိပ်သီးများဖြစ်ကြသည့် Denzel Washington, Lupita Nyong’o, Nicole Kidman, Emma Stone, Ryan Reynolds, Amy Adams နှင့် Dev Patel တို့လည်း တက်ရောက်လာခဲ့ကြသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.