ဘာသာပြန်ဆိုသူ – မျိုးမြတ်လွင်

ဝန်ကြီးချုပ် Chan-O-Cha ၏ ပြောကြားချက်အရ လယ်သမားများသည် အစိုးရ၏ငွေကြေးဆိုင်ရာ အကူအညီကို ရိုးရှင်းစွာ မှီခိုအားထားမှု မရှိကြောင်းနှင့် နိုင်ငံ၏အပ်နှင်းမှုများက တစ်နိုင်ငံလုံးရှိ လူများအားလုံးအတွက် ဂရုစိုက်ရာရောက်ဖို့ အသုံးပြုသင့်ကြောင်းဟု ပါရှိသည်။

အမျိုးသားအဆင့် ဆန်စပါးဥပဒေကော်မတီအစည်းအဝေးတွင် ဘတ် ၁၈ ဘီလီယမ်ကို အခြားသောအရာများထက် ဆန်စပါးကို ပိုမိုစိုက် ပျိုးဖို့ ထောက်ပံ့ငွေအစီအစဉ်တစ်ခုကိုအခြေခံကာ ကူညီပေးသွားရန် ဆုံးဖြတ်ခဲ့သည်။ မြောက်ပိုင်းဒေသနှင့် အရှေ့မြောက်ပိုင်းဒေသများ အတွင်း ဖြစ်ပေါ်နေသောဆန်ဈေးထိုးကျမှုမှ ခံသာနိုင်ရန်အတွက် ဘတ် ၂၀ ဘီလီယမ်ထက်ပိုမိုသော ထောက်ပံ့ငွေအစီအစဉ်တစ်ခုကို စတင်ဖို့ လွန်ခဲ့သောအပတ်က စတင်ခဲ့ကြသည်။

ဝန်ကြီးချုပ်၏ ပြောကြားချက်တွင် ဆန်စပါဈေးအထိန်းအကွပ်မရှိ ကျဆင်းသောနေရာဒေသမှ လယ်သမားများကို အဓိကထားကူညီသွား မည်ဖြစ်ပြီး အစိုးရက နိုင်ငံတော်၏ ငွေအားလုံးကို လယ်သမားများထံ ကူညီပေးဖို့ရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ အစိုးရ၏ လုပ်ထုံးလုပ်နည်းများကို ပြန်လည်စဉ်းစားရာတွင် လယ်သမားများအနေဖြင့် ပူးပေါင်းပါဝင်သင့်သည်ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး Yingluck ၏ မြောက်ပိုင်းဒေသရှိ ကျေးရွာများသို့ အလည်အပတ်ခရီးစဉ်အတွင်း ဆန်စပါးသိမ်းကျုံးဝယ်မှုနှင့် ပတ်သက်၍ ယင်း၏မှတ် ချက်များလည်း ထွက်ပေါ်ခဲ့သည်။

စီးပွားရေးဝန်ကြီး Apiradi ၏ ပြောကြားချက်တွင် အစိုးရ၏ဆန်စပါးထောက်ပံ့အစီအစဉ်က ၂၀၁၆၊၂၀၁၇ ခုနှစ်အတွင်း ဆန်ဖြူအမျိုး အစားနှင့် Pathum Thani ဆန်အမျိုးအစားကို စိုက်ပျိုးနိုင်အတွက်ဖြစ်သည်။ သတ်မှတ်ချိန်ကာလတစ်ခုအတွင်း လယ်သမားများသည် ဘတ်ငွေ ၁၀၅၀၀ တန်ဖိုးရှိ ဆန်ဖြူပမာဏကို ရရှိကြမည်ဖြစ်သည်။ ခန့်မှန်းခြေစိုက်ပျိုးသူဦးရေ ၆၆၁၈၅ ဦးခန့် ဤအစီအစဉ်တွင် ပါဝင် မည်ဟု ခန့်မှန်းထားသည်။ ထိုထောက်ပံ့ငွေ၏ တစ်တန်လျှင် ဘတ် ၇၀၀၀ ကို စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဘဏ်မှ ပေးအပ်သွားမည်ဖြစ်ပြီး ထို့အပြင် သိုလှောင်ကုန်ကျစရိတ် ဘတ်ငွေ ၁၅၀၀နှင့် အရည်အသွေးပြည့်မီစွာ စိုက်ပျိုးနိုင်ရန် ဘတ်ငွေ ၂၀၀၀ကိုပါ ထည့်သွင်းပေးအပ်မည်ဖြစ်သည်။

Pathum Thani ဆန်အမျိုးအစားကို စိုက်ပျိုးကြမည့် လယ်သမားများအတွက် တစ်တန်လျှင် ဘတ်တန်ဖိုးငွေ ၁၃၀၀ ကို လက်ခံရရှိမည် ဖြစ်ပြီး ၉၁၂၈၀ သော စိုက်ပျိုးသူများ ပါဝင်ကြမည်ဖြစ်သည်။ စိုက်ပျိုးရေဘဏ်က အဆိုပါဆန်အမျိုးအစားကို စိုက်ပျိုးသောလယ်သမား များအတွက် တစ်တန်လျှင် ဘတ်၇၈၀၀ နှင့် သိုလှောင်စရိတ်ဘတ် ၁၅၀၀၊ အရည်အသွေးပြည့်မီစွာ စိုက်ပျိုးနိုင်ရန်အတွက် ဘတ်ငွေ ၂၀၀၀ ဆီ ပေးအပ်မည်ဖြစ်သည်။

Ms Apiradi ၏ ပြောကြားချက်အရ ဖော်ပြပါ ဆန်စပါးအမျိုးအစား ၂ မျိုးကို စိုက်ပျိုးသူများသည် အလယ်ပိုင်းလွင်ပြင်ဒေသမှ ဖြစ်ကြ သည်ဟုဆိုသည်။ စပါးသိုလှောင်ရုံမရှိသူများနှင့် အလယ်ပိုင်းဒေသရှိ စိုက်ပျိုးသူများက ယင်းတို့၏ ဧရိယာများအတွင်း ဆန်စပါးသိုလှောင် ရန် နည်းလမ်းများကို စိုက်ပျိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဆီသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ အရှေ့မြောက်ဒေသနှင့် မတူညီ သည့်အချက်မှာ အလယ်ပိုင်းဒေသရှိ လယ်သမားများသည် သိုလှောင်ရုံမရှိသောကြောင့် စိုက်ပျိုးရိတ်သိမ်းပြီးသည်နှင့် တစ်ပြိုင်နက် ယင်းတို့၏ ဆန်စပါးများကို အမြဲတစေရောင်းချရသည်ဟူ၍ ယင်းက ပြောကြားသည်။
bangkok-post
ထောက်ပံ့ငွေအစီအစဉ်နှင့်ပတ်သက်ပြီး ထိုင်းစိုက်ပျိုးရေးပညာရှင်အသင်းဥက္ကဌ Suthep Kongmak က အစိုးရအိမ်တော်သို့ ဆန်စပါး စိုက်ပျိုးသူက၏ ကိုယ်စားလှယ်များစေလွှတ်၍ လယ်သမားများကို ကူညီသည့်အတွက် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ထံ ယင်းတို့၏ ကျေးဇူး ဂါရဝ ပြုမည်ဖြစ်ကြောင်းနှင့် နောက်တစ်ပတ်အတွင်း ထိုအစီအစဉ်ကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.