မော်လမြိုင်၊ အောက်တိုဘာ ၂၄

တေးသံရှင် နီနီခင်ဇော်၏ အနီရောင် DVD အခွေ နှင့် Super Red နှုတ်ခမ်းနီ Promotion ပွဲ ကို အောက်တိုဘာလ (၂၃) ရက်နေ့ ညနေက မော်လမြိုင် Ocean Super Center မှာ မိတ်ဆက်ခဲ့ပြီး ပရိတ်သတ် အားပေးမှု တခဲနက်ရရှိခဲ့သည်။

ရှိုးပွဲရာသီဖြစ်သောကြောင့် သူငယ်ချင်းအနုပညာရှင်များကို အဆိုပါ ပွဲတွင် ဖျော်ဖြေတင်ဆက်ရန် အခက်အခဲဖြစ်ခဲ့သော်လည်း မော်လမြိုင် ပရိတ်သတ်များ၏ တခဲနက်အားပေးမှုကြောင့် ပီတိ ဖြစ်ခဲ့ရကြောင်း တေးသံရှင် နီနီခင်ဇော်က သံလွင်တိုင်းမ်သို့ ပြောသည်။

“သူငယ်ချင်းတွေက ရှိုးရာသီ ဖြစ်တဲ့အတွက် အလုပ်တွေများနေကြလို့ နီနီကိုယ်တိုင်ပဲ လက်မှတ်ရေး ထိုးပေးခဲ့တယ်။ မော်လမြိုင် ပရိတ်သတ်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်” ဟု ၎င်းကပြောသည်။

မိတ်ဆက်ခဲ့တဲ့ အနီရောင် DVD အခွေတွင် သီဆိုနေကျ သီချင်းပုံစံများဖြစ်သော်လည်း ထူးခြားမှုများ လည်း ရှိကြောင်း နီနီခင်ဇော်ကပြောသည်။

“ဒီအခွေမှာ ရိုက်ကွက်ဆန်းတွေနဲ့ ရိုက်ကူးထားပါတယ်။ နီနီကတော့ သီချင်းအားလုံးကိုကြိုက်ပါတယ်။ အကြိုက်ဆုံးကတော့ အရှုံးမပေးလိုက်နဲ့ ဆိုတဲ့ သီချင်းလေးကြိုက်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြား သည်။

မော်လမြိုင်မြို့မှာ ပွဲလမ်းသဘင်များဖြင့် စည်ကားလာသည့်အတွက် နောက်ထပ်ဖျော်ဖြေပွဲများလုပ်ရန် အစီစဉ်ရှိသေးကြောင်း သိရသည်။

တေးသံရှင် နီနီခင်ဇော်သည် လက်ရှိတွင် MMM Music Tour ၏ နယ်လှည့်ဖျော်ဖြေပွဲများအဖြစ် မြိတ် သို့ သွားရောက်ရန်ရှိပြီး အောက်တိုဘာလ (၁) ရက်နေ့ကလည်း မော်လမြိုင်မြို့တွင် တေးသံရှင် ဖြူဖြူကျော် သိန်း၊ Big Bag ၊ ဝေလတို့နှင့် အတူ ဖျော်ဖြေ ခဲ့ဖူးသည်။

%e1%80%94%e1%80%ae%e1%80%94%e1%80%ae%e1%80%81%e1%80%84%e1%80%b9%e1%80%b1%e1%80%87%e1%80%ac%e1%80%b9%e1%80%99%e1%80%ad%e1%80%90%e1%80%b9%e1%80%86%e1%80%80%e1%80%b9

သတင်း – TU Arkar Min
ဓါတ်ပုံ – သက်ဇော်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.