တင်ဆက်သူ-TU Arkar Min

မေး- ဖရီးဆော့ဝဲတွေကို ပြုပြင်ရေးသားဖြစ်ခဲ့ပုံလေး ပြောပြပါဦးအစ်ကို။

ဖြေ-ကျွန်တော်ရေးနေတဲ့ ဖရီးဆော့ဖ်ဝဲတွေဟာ နိုင်ငံခြားက Dzeeb Handlerဆော့ဖ်ဝဲတွေကိုပြန်ပြင်ရေးတာပါ။ ပြန်ပြင်ရေးတိုင်းလည်း Credit ပေးထားပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက your freedom ဆော့ဖ်ဝဲနဲ့ဘေမရှိဘဲ ဖရီးသုံးနည်းတွေ ကျွန်တော့လူမှုကွန်ယက်မှာ (၃)နှစ်နီးပါး မနားတမ်း တင်ပေးလာတာ အခု

ချိန်ထိပါပဲ။ အဲ့ဒီအချိန်တုန်းကဆို ကျွန်တော့ကို ဘယ်သူမှမယုံခဲ့ကြဘူး။ ဆဲကြဆိုကြနဲ့ ဖေ့ဘွတ်ခ် အကောင့်တွေဆို ခဏခဏ report ထိပါတယ်။ ဆေးထိုးတယ်ဆိုပြီး group တွေကနေ ထုတ်ပစ်ကြတယ်။ အဲ့ဒီတုန်းက လိုင်း နှေးတဲ့ dns ဖရီးကိုမျှဝေခဲ့တာပါ။ ဒီနှစ်ပိုင်းမှာမှ ထပ်လေ့လာပြီး ssh တို့ http တို့ကိုတင်ပေးခဲ့တာပါ။

မေး-ဒီဖရီးသုံးနည်းတွေ ပြုပြင်ရေးသားနေတဲ့ ရည်ရွယ်ချက်လေးလည်းသိပါရစေ။

ဖြေ- နိုင်ငံခြားမှာက Free Internet ဆိုတာ မဆန်းပါဘူး။ နေရာတိုင်းမှာ wifi အလကားလွှင့်ပေးနေကြတာ ရှိသလို သူတို့ဆီက Sim Card တွေကလည်းစဝယ်ကတည်းက Free Plan လေးတွေပါပါတယ်။ ကျွန်တော်တို့ ဆီမှာက အင်တာနက်ကိုဈေးကြီးကြီးပေးပြီးသုံးနေရတာတွေရှိတော့ သာမန်လက်လုပ်လက်စား ပြည်သူတွေ အတွက် ဗဟုသုတနဲ့ နည်းပညာလေးတွေပိုမိုသိရှိနိုင်အောင်ဆိုပြီးတော့ စေတနာနဲ့ရေးတာပါ။ အခုနောက်ပိုင်း လူငယ်တွေကလည်း နည်းပညာပိုင်းလေးတွေ ပိုလေ့လာနေကြတာတွေ့တော့ ကျွန်တော်လေ့လာထားသမျှ ပြန်လည်မျှဝေတာပါ။ မြန်မာပြည် အင်တာနက်ဈေးတွေက အရမ်းများတယ်။ ဒါကြောင့် အင်တာနက်ဈေးတွေ ကိုလည်း လျှော့ချစေချင်တာလည်းပါပါတယ်။

မေး-ဒီလိုရေးသားနိုင်ဖို့ ဘယ်လိုသင်တန်းတွေတက်ခဲ့လဲ။ အစ်ကို့ ကိုတိုက်ခိုက်တာတွေလည်းရှိတော့ ဘယ်လို ဖြေရှင်းလဲ။

ဖြေ-သင်တန်းတွေ မတက်ဖူးပါဘူး။ အစိမ်းသက်သက်လေ့လာခဲ့တာပါ။ ကျွန်တော် Youtube ကနေ လေ့လာ ဖြစ်တာများပါတယ်။ လိုချင်တဲ့အချက်အလက်တွေကို website တွေ Facebook group တွေ လိုက်လံ စုဆောင်းပြီး ပြင်ဆင်ရေးသားပါတယ်။ ဘယ်သူတွေဘာပဲပြောပြော ဒီ apk ကိုသုံးလို့ အကျိုးဖြစ်တယ်ဆိုရင်ပဲ ဖန်တီးရကျိုးနပ်ပါတယ်။ တစ်ချို့ကလည်းဝေဖန်တိုက်ခိုက်ကြတာပေါ့။ ဒါပေမယ့် ကျွန်တော်ဂရုမစိုက်ခဲ့ပါဘူး။ ကျွန်တော်ဆက်ပြီး ကြိုးစားခဲ့တယ်။ အခုဆိုရင် ကျွန်တော်ပြင်ဆင်ရေးသားတဲ့ ဆော့ဖ်ဝဲတွေကို နိုင်ငံခြားက လူတွေ သူတို့ကိုယ်တိုင်ပြန်ယူပြီး ပြန်ရေးတာတွေတွေ့တော့ ကြည်နူးမိပါတယ်။

မေး-နိုင်ငံခြားက Developer တွေက ဘာကြောင့် အစ်ကို့ရဲ့ ဆော့ဖ်ဝဲတွေကို ပြန်ယူပြီး ပြင်ရေးတာလဲ။ နိုင်ငံခြားက ကမ်းလှမ်းတာတွေရော ရှိမလားအစ်ကို။

ဖြေ-ကျွန်တော်ပြုပြင်ထားတဲ့ ဆော့ဖ်ဝဲမှာ သူတို့မသုံးဖူးသေးတဲ့ ဒီဇိုင်းတွေ သူတို့မသုံးဖူးသေးတဲ့ နည်းပညာ တစ်ချို့ကြောင့်ပါ။ ကျွန်တော်ကဆော့ဖ်ဝဲထုတ်ရင် တစ်ခြားနိုင်ငံရော အသုံးပြုနိုင်အောင် လုပ်ထားတဲ့ အတွက် ပါ။ ကမ်းလှမ်းတာတွေကတော့ ဖိလစ်ပိုင်အင်တာနက်နည်းပညာအဖွဲ့တွေက ခေါ်ထားတာတွေတော့ရှိပါတယ်။

မေး-ဒီလိုရေးသားလို့ operator တွေနဲ့ တခြားအဖွဲ့အစည်းတစ်ခုခုက တားမြစ်တာတွေရောရှိမလား။

ဖြေ-မရှိဘူးဗျ။ ရှိလည်းရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က ခိုးယူသုံးနေတာမှ မဟုတ်တာ။ သူတို့တင်ထား တဲ့ အထဲကပဲယူသုံးနေလို့ပါ။

မေး-အစ်ကို့အတွက် ခံစားခွင့်တွေရောရှိမလား။

ဖြေ-ခံစားခွင့်ကတော့ အခု group အသစ်သီးသန့်လုပ်ထားပါတယ်။ ဝင်ကြေးလေးနဲ့ လုပ်ထားပါတယ်။ ဒါကလည်းသုံးစွဲသူတွေက ဝင်ကြေးသီးသန့် လုပ်ပေးပါဆိုလို့ တောင်းဆိုလို့ပါ။ လူတိုင်းကိုသာ ဝင်ကြေး ကောက်ခံခဲ့ရင် ကျွန်တော်အခုလောက်ဆို တော်တော်လေး ထောနေပြီ(ရယ်လျက်) ဒါပေမယ့် ကျွန်တော် စေတနာနဲ့ လုပ်ပေးတာများပါတယ်။

မေး-တကယ်လို့သာ VPN ဆော့ဖ်ဝဲတစ်ခုကိုထုတ်နိုင်ပြီဆိုရင် ဘာတွေဆက်လုပ်ဖို့စိတ်ကူးထားလဲခင်ဗျ။

ဖြေ-ရည်မှန်းထားတာတော့ရှိတာပေါ့နော်။ အဲ့ဒါက ခက်ခဲတယ်လေ။ ကျွန်တော်တစ်ယောက်တည်းထက်စာရင် ဝါသနာတူလူငယ်တွေစုပြီး ကိုယ်ပိုင် VPN ထုတ်နိုင်အောင် လုပ်သွားချင်တယ်။

မေး-အစ်ကိုလို့ဖြစ်ချင်လို့ ကြိုးစားနေတဲ့ လူငယ်တွေအတွက် ဆောင်ရန် ရှောင်ရန်တွေလည်းပြောပြပေးပါဦး။

ဖြေ-စိတ်ဝင်စားတယ်ဆိုရင်တော့ (၂၄) နာရီ အွန်လိုင်းမှာ ရှိနေရပါမယ်။ နည်းပညာကိုပဲ ရှာဖွေနေရမယ်။ ရှောင်ရမှာက ရေးတဲ့အခါ operator နာမည်တွေမသုံးဖို့၊အရေးကြီးတာတစ်ခုက သူတို့လုံခြုံရေးအပိုင်းတွေကို Hacker လိုလို မလုပ်မိဖို့ပါပဲ။ ဖရီးတွေကို ဥပဒေဘောင်အတွင်းကပဲ ရှာဖွေစေချင်ပါတယ်။

မေး-ဒီအလုပ်လုပ်ရင်း စိတ်ဓာတ်ကျတဲ့အချိန်တွေရော ရှိမလား။

ဖြေ-စိတ်ဓာတ်ကျစရာတွေကတော့ စလုပ်ကတည်းကရှိခဲ့တာပါ။ ဒါပေမယ့် ရိုးသွားပါပြီ။ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်လုပ်စရာရှိတာဆက်လုပ်တယ်။ ကျွန်တော်လျှောက်နေတဲ့လမ်းကိုပဲ ဦးတည်ထား တယ်။ ကျန်တာတွေ ခေါင်းထဲကထုတ်ထားလိုက်တယ်။

မေး-အစပိုင်းမှာ ကိုယ်လုပ်တာကို မယုံကြည်ဘဲ အခုအောင်မြင်လာပြီဆိုတော့ အစ်ကို့လိုကြိုးစားနေတဲ့ လူငယ်တွေအတွက် ပေးချင်တဲ့ သတင်းစကားများရှိမလား။

ဖြေ-ကြိုးစားကြပါ။ လုပ်စရာရှိတာဆက်လုပ်ကြပါ။ နောက်ပြန်မလှည့်ပါနဲ့။ ကြောက်စိတ်လည်းမထားပါနဲ့။ အဲ့ဒီကြောက်စိတ်က တက်လမ်းကိုပိတ်ပင်နေမှာပါ။ ဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့ စိတ်လည်းမွေးထားစေချင် ပါတယ်။

မေး-အစ်ကိုပြုပြင်ရေးသားတဲ့ ဆော့ဖ်ဝဲတွေပတ်သတ်ပြီး ပြောချင်တာများရှိမလား။

ဖြေ-ဒီဆော့ဖ်ဝဲတွေဟာ နိုင်ငံတကာမှာ အရင်ကတည်းကသုံးစွဲလာကြတာပါ။ ကျွန်တော်တို့နိုင်ငံမှာ အခုမှ သိလာကြတာပါ။ ဒီဟာတွေက ခိုးယူသုံးစွဲတာမျိုးမဟုတ်ပါဘူး။ Playstore တွေ နာမည်ကြီးဆိုဒ်တွေမှာ တင်နေ ကြတဲ့ VPN အမျိုးအစားတွေပဲဖြစ်ပါတယ်။ မည်သည့်အဖွဲ့အစည်းကိုမှ တိုက်ခိုက်ခြင်းမဟုတ်သလို နှောင့်ယှက် ခြင်းလည်းမဟုတ်ပါဘူး။ VPN ကျော်နည်းတစ်ခုသာဖြစ်တယ်လို့ပြောချင်ပါတယ်။

သံလွင်တိုင်းမ်ရဲ့ စာဖတ်ပရိတ်သတ်များခင်ဗျာ။ ကိုကျော်မျိုးခိုင်ကတော့ သူ့ရဲ့ ယုံကြည်ချက် သူ့ရဲ့စေတနာ တွေနဲ့ ပြည်သူတွေအတွက် အကျိုးပြုနေဆဲပါပဲ။ ကိုကျော်မျိုးခိုင်ရဲ့ အတွေ့အကြုံတွေကိုကြည့်ပြီးတော့ မအောင်မြင်ခင် တိုက်ခိုက်ကြတယ် ဝေဖန်ကြတယ် ဆိုရင် အောင်မြင်အောင်ကြိုးစားပြလိုက်ခြင်းက ဝေဖန် တိုက်ခိုက်မှုတွေကို အဆုံးသတ်စေမှာ ဖြစ်လို့ ယုံကြည်မှုလေးထားပြီး ကြိုးစားကြလိမ့်မယ်လို့ မျှော်လင့်ပါ တယ်။ မဖြစ်ခင်ဝေဖန်တာက လူ့သဘာဝမို့ ကိုယ်လျှောက်တဲ့လမ်းမှန်ကန်မယ်ဆိုရင် အဆုံးထိလျှောက်လှမ်း ဖို့တိုက်တွန်းလိုက်ပါရစေ။

ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ။နောက်တစ်ပတ်မှာလည်း ဘယ်လိုအောင်မြင်နေတဲ့ လူငယ်တွေရဲ့ အတွေ့ အကြုံတွေကို လူငယ့်ရှုထောင့် ကဏ္ဍမှာဖော်ပြပေးသွားမလဲဆိုတာ ဆက်လက်စောင့်မျှော်ဖတ်ရရှုနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.