မုဒုံ၊ စက်တင်ဘာ ၄

မုဒုံမြို့နယ် တံခွန်တိုင်ကျေးရွာ အထပ်သားစက်ရုံအနီး မော်လမြိုင်-သံဖြူဇရပ်သွားကားလမ်းပေါ်တွင် စက်တင်ဘာ(၄)ရက်နေ့ နံနက်(၅း၃၀)အချိန်က လမ်းပြောင်းပြန်မောင်းနှင်သည့် ယာဉ်ဖြင့် တိုက်မိပြီး ယာဉ်မောင်းတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ(၄)ရက်နေ့ နံနက်(၅း၃၀)အချိန်ခန့်တွင် သံဖြူဇရပ်ဘက်မှ မုဒုံဘက်သို့ဦးတည် ပြီး အလန်းစားဟော့ပေါ့စားသောက်ဆိုင်ရှေ့မှစ၍ လမ်းပြောင်းပြန် မောင်းနှင်လာသော ယာဉ်မောင်း မြင့်ဦး (၃၇)နှစ်မောင်းနှင်လာသော ယာဉ်အမှတ်BOG 1B.20……နီဆန်ဒီဇယ်(၁၂)ဘီး၊ အစိမ်းရောင်(ကုန်မပါ) ယာဉ်သည် လမ်းပြောင်းပြန်အတိုင်းမောင်းနှင်လာရာမှ ယာဉ်ကြောမရှင်းဘဲ ယာဉ်ကြောပြောင်းဝင်မောင်းစဉ် ယာဉ်နောက်ဘက်ထောင့်အား ယာဉ်ကြောတူနောက်မှ အရှိန်ပြင်းစွာမောင်းနှင်လာသည့် အောင်ထူး(၅၀)နှစ်၊ မုဒုံမြို့နယ်နေသူမောင်းနှင်လာသောယာဉ်အမှတ်.YGN 2G 41……လိုက်ထရပ်အဖြူရောင်ယာဉ်မှ အရှိန်မထိန်း နိင်ဘဲ နောက်မှဝင်တိုက်မိသဖြင့် ယာဉ်မောင်းမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ယာဉ်နောက်ခင်းတွင် လိုက်ပါးစီး လာသူ သီလရှင်ဒေါ်ပဉ္စ ခြင်္သေ့ကျောင်းတိုက်သီလရှင်ဆောင်၊ ဗိုလ်ချုပ်လမ်း၊ ရပ်ကွက်(၁)၊ ကမာဝက်မြို့၊ မုဒုံမြို့နယ်နေသူတွင်ဥ ီးခေါင်းနောက်စေ့ဖူးရောင်ဒဏ်ရာရရှိသဖြင့်မော်လမြိုင်ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လူသေဆုံး ၊ဒဏ်ရာရအောင်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း မြင့်ဦးနှင့်ဦးအောင်ထူး(သေဆုံး)တို့အား အရေးယူပေးပါရန် ဒုရဲအုပ်ရွှေကိုကိုမှ တိုင်တန်းသဖြင့် မုဒုံမြို့မရဲစခန်း မှယာဉ်(ပ)၂၈/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ၃၀၄.က/၃၃၈ဖြင့်သတင်းချက်ရေးဖွင့်ပြီးတရားခံဟုယူဆရသူမြင့်ဦး အားဖမ်းဆီးကာဒုရဲအုပ်ရွှေကိုကိုမှ စစ်ဆေးလျှက်ရှိကြောင်းသိရှိရသည်။

သတင်း – မင်းဥဒါန်း (ပုံမပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.