July 2016

ပြည်သူ့အသံကို နားထောင်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရန် ရေးမြို့သို့ မွန်ဝန်ကြီးချုပ်လာရောက်

ရေး ၊ ဇူလိုင်လ ၂၁ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးအနေဖြင့် ပြည်သူ့အသံကိုနားထောင်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရန်ရေးမြို့နယ်သို့ လာရောက်ခြင်းဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ရေးမြို့နယ်ထွေ/အုပ်ခန်းမတွင် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ဖများ၊ လွှတ်တော်ကိုယ်စားလှ

ထိုင်းနိင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်ရန်တရားမဝင်ထွက်ခွာလာသည့် ချောင်းဆုံမှ (၁၀)ဦးအား သာယာကုန်းတိုးဂိတ်တွင်တားဆီးနိင်ခဲ့

မုဒုံ ဇူလိုင် ၁၇ မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာရှိ တိုးဂိတ်၌သတင်းအရစောင့်ဆိုင်းစဉ် ထိုင်းနိင်ငံသို့တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ရန်ထွက်ခွာလာသည့်ချောင်းဆုံမြို့နယ်နေသူ(၁၀)ဦးအား ဇူလိုင်လ(၁၇)ရက်၊ ည(ရး၃၀)အချိန်တွင်တားဆီးနိင်ခဲ့ကြောင်းသတင်းရရှိသည်။

NDF ပါတီ၏ ဗဟိုဦးစီးကော်မတီအစည်းအဝေးအတည်ပြုသည့် ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်သည့် စာတမ်း သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံထံပေးပို့

ရန်ကုန်၊ ဇူလိုင် ၁၆ ရန်ကုန်မြို့ YWCA ခန်းမ၌ ပြုလုပ်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ၏ ဗဟိုဦးစီး ကော်မတီညီလာခံတွင်၂၁ ရာစုပင်လုံညီလာခံ၌ဆွေးနွေးရန်အကြံပြုချက်အဖြစ် ကျွနု်ပ်တို့ မျှော်မှန်းသော ဖက်ဒရယ်ပြည်ထောင်စုအမည်ဖြင့်စာတမ်းတစ်စောင်ကိုအတည်ခဲ့ပြီး သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ထံ ပေးပို့ထားကြောင်းသိရသည်။

မုဒုံမြို့၊မြို့မ(၂)ရပ်ကွက်အတွင်း လမ်းများပေါ်ရှိ ခွေးလေ၊ခွေးလွင့်များရှင်းလင်းပေးရန် ရပ်ကွက်အတွင်းနေသူ များကမျှော်လင့်နေ

မုဒုံ ဇူလိုင် ၂၀ မုဒုံမြို့၊မြို့မ(၂)ရပ်ကွက်အတွင်းရှိအဓိကလမ်းမများအပေါ်တွင် နေ့၊ညရှိနေကြသည့် လမ်းပေါ်ရှိခွေးလေခွေးလွင့်များကြောင့် လမ်းသွား၊လမ်းလာများခွေးကိုက်ခံရမှာစိုးရိမ်ခြင်းနှင့်ခွေးများကြောင့်ယာဉ်အန္တရယ်စိုးရိမ်ခြင်းများရှိနေကြကြောင်းရပ်ကွက်နေသူများထံမှသိရသည်။

ဇင်းကျိုက်ရေတံခွန်တွင် ယာဉ်ရပ်နားခကို နှစ်ဆတိုး၍ကောက်ခံခြင်းနှင့် ခွင့်ပြုချက်ပေးသူများကို ပြည်နယ်အစိုးရထံတိုင်ကြားမည်ဟုဆို

ပေါင်၊ ဇူလိုင် ၂၀ ပေါင်မြို့နယ်ရှိ နာမည်ကျော်ဇင်းကျိုက်ရေတံခွန်တွင် လာရောက်လည်ပတ်သူများထားရှိသည့် ကား၊ ဆိုင်ကယ်၊ သုံးဘီးရပ်နားခွင့်ကို နှစ်ဆတိုးမြှင့်ကောက်ခံနေခြင်းအား ကျေနပ်မှုမရှိသဖြင့် တိုင်ကြားရန်စီစဉ် နေသည်ဟု ရေတံခွန်လုပ်ငန်းကော်မတီထံမှ သိရသည်။