စစ်အစိုးရ အာဆီယံထဲ ပြန်လည်ဝင်ဆံ့ရေး မလွယ်ကူသေး
နေပြည်တော် ၊ နိုဝင်ဘာ ၁ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အာဆီယံကနေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြောင်းအလဲလုပ်ဖို့နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံထဲ စစ်အစိုးရ ပြန်လည်ဝင်ဆံ့နိုင်ရေးဟာ မလွယ်ကူသေးဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်အစိုးရအနေနဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုကို အရင်းပြုပြီး အပိုင်းလိုက်ရွေးကောက်ပွဲကနေ အရပ်သားအသွင်နဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းထားပြီး အာဆီယံနဲ့ ကုလသမဂ္ဂမှာ…
အနားပေးခံရတဲ့ မွန်နယ်လုံဟောင်း ဗိုလ်မှူးကြီး ကျော်စွာမြင့် ပင်စင်ယူမယ်
မော်လမြိုင် ၊ နိုဝင်ဘာ ၁ ရာထူးကနေ အနားပေးခံလိုက်ရတဲ့ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ အရန်အင်အားမှ နှုတ်ထွက်ပြီး ပင်စင်ယူဖို့ ရှိနေတယ်လို့ စစ်အစိုးရနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ် သြဂုတ်လမှာ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။…
ကျိုက်ထိုမှာ လက်နက်ကြီးနဲ့လေကြောင်းအန္တရာယ် ဆိုးဝါးစွာ ကြုံနေရ
ကျိုက်ထို၊ နိုဝင်ဘာ ၁ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကျေးရွာနေ ပြည်သူတွေဟာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း အန္တရာယ်ကို ဆိုးဝါးစွာ ခံစားနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ကျိုက်ထိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ အများအပြား အခြေချ လှုပ်ရှားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ လေကြောင်း ဗုံးကြဲမှုတွေ…
ပေါက်မြို့နယ်မှာ စစ်တပ်လက်အောက်ခံတွေက နေအိမ်အလုံး ၂၀ ကို မီးရှို့ဖျက်ဆီး
မကွေး အောက်တိုဘာ ၃၁ မကွေးတိုင်း ပေါက်မြို့နယ်က နေအိမ်အလုံး ၂၀ ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်လက်အောက်ခံတွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းက ပေါက်မြို့နယ် တယ်ပင်ကန်ရွာကို အာဏာသိမ်းစစ်တပ် လက်အောက်ခံတွေနဲ့ ယာကြီးပြင်ကျေးရွာ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးသွားတာပါ။ မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် အလုံး၂၀…
သရက်ချောင်းမှာ စစ်တပ်ဗုံးကြဲမှု မိသားစုဝင် ၄ ဦး သေဆုံး
သရက်ချောင်း၊ အောက်တိုဘာ ၃၁ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် မိသားစုဝင် ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ အောက်တိုဘာ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ မြိတ်လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ…
ယူကရိန်းကို Patriot ဒုံးကျည် ၅၀၀ ရောင်းချပေးရေး အမေရိကန် သဘောတူ
ဝါရှင်တန်၊ အောက်တိုဘာ ၃၁ ရုရှားရဲ့ အရှိန်မြင့်လာနေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ကာကွယ်ရေး အရေးတကြီး လိုအပ်နေတဲ့ လက်နက်ခဲယမ်းဖြစ်တဲ့ Patriot ဒုံးကျည် အစင်း ၅၀၀ ယူကရိန်းထံ ရောင်းချရေး အမေရိကန်က သဘောတူ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ လက်နက်တွေ ပေးပို့ဖို့အတွက် နှစ်များစွာ အချိန်ယူရနိုင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ…
ဘဏ္ဍာရေး စောင့်ကြည့်မှု အမည်ပျက် စာရင်းကနေ မြန်မာကို ဖယ်ရှားရေး ဂျပန် တွန်းအားပေး
တိုကျို၊ အောက်တိုဘာ ၃၁ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ဖို့ ပိုမို လွယ်ကူစေရေး ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး ရာဇဝတ်မှု စောင့်ကြည့်မှု စာရင်းရဲ့ အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးရေး ဂျပန်နိုင်ငံက တွန်းအားပေးနေပါတယ်။ အထီးကျန်ဖြစ်နေတဲ့ မြန်မာ စစ်တပ်ထောက်ခံတဲ့ အစိုးရကို ဘဏ္ဍာရေးစနစ်ကနေ ဘေးဖယ်ထားမှုကို ရုတ်သိမ်းပေးဖို့ ကြိုးပမ်းနေတဲ့ အဓိက နိုင်ငံ တချို့ ရှိလာနေပါတယ်။ ငွေကြေး…
ပွင့်ဖြူမြို့နယ်မှာ စိတ်ကျန်းမာရေးချို့တဲ့သူ တစ်ဦး မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရ
မကွေး အောက်တိုဘာ ၃၁ မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဦးသောင်းငွေဆိုသူဟာ သမန်းရင်း သုသာန်အနီးမှာ မိုင်းနင်းမိတာပါ။ “ဒဏ်ရာရတဲ့ အခြေနေကတော့ များတယ်ပြောတယ်။ ဖြတ်ရမဖြတ်ရတော့ မသိသေးဘူး။”လို့ သမန်းရင်းကျေးရွာသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။…
စစ်အာဏာသိမ်း (၂၀၉၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၆၂၇)ဦးထိရှိလာ
မော်လမြိုင်၊ အောက်တိုဘာ ၃၁ AAPP ရဲ့ အောက်တိုဘာ ၃၀ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၉၈) ရက်အတွင်း ပြည်သူ (၈၆၂၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၂၅၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၉၉)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…
စစ်မှုထမ်းပြဿနာ စစ်တပ်နဲ့ အစိုးရအပေါ် လွှတ်တော်တွေ ထိန်းကျောင်းလိုစိတ်ရှိရဲ့လား
နေပြည်တော် ၊ အောက်တိုဘာ ၃၁ ပြည်သူလူထု သောကပွေနေရတဲ့ ပြည်သူ့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်နဲ့ အစိုးရအပေါ် လွှတ်တော်တွေက ထိန်းကျောင်းနိုင်စွမ်းနဲ့ ထိန်းကျောင်းလိုစိတ်ရော ရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP-Myanmar က ထောက်ပြလာပါတယ်။ ၂၀၂၆ ခုနှစ် မတ်လကနေ အောက်တိုဘာလအထိ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွေမှာ စစ်အစိုးရကို မေးခွန်းပေါင်း ၄၉၅ ခု…
