မော်လမြိုင်

သင်္ကြန်ကာလပြည်သူများသတိများပြုရမည့်အချက်(၁၃)ချက် ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ထုတ်ပြန်

မော်လမြိုင်၊ ဧပြီ ၄ သင်္ကြန်ကာလတွင် ယာဉ်တိုက်မှုလျော့ကျ၍ ယာဉ်လမ်းကြောင်းများရှင်းလင်းပြီး ပြည်သူများ စိတ် အေးချမ်းသာစွာဖြင့် ရေကစားနိုင်ရန်အတွက် ရှောင်ကျဉ်ရမည့် အချက်(၁၃)ချက်ကို မွန်ပြည်နယ်ယာဉ် ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

သင်္ကြန်ကာလတွင် မော်လမြိုင်ပြည်သူ့ဆေးရုံ၌ ဝန်ထမ်းအင်အားနှစ်ဆနှင့်ကူညီစောင့်ရှောက်မှုများပြုလုပ် သွားမည်

မော်လမြိုင်၊ ဧပြီ ၄ သင်္ကြန်ကာလတွင် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနသို့ တက်ရောက်ကုသသည့် လူနာ အရေအတွက် များပြားလာလျှင် ဆရာဝန်များ၊ သူနာပြုများ၏ ဂျူတီတာဝန်များကို ကြိုတင်သတ်မှတ်ထားပြီး

သင်္ကြန်ကာလတွင် အထူးတရားရုံးများကိုဖွင့်လှစ်၍ နေ့ချင်းပြီးစစ်ဆေးသွားမည်

မော်လမြိုင်၊ ဧပြီ ၅ သင်္ကြန်ပွဲတော်ကာလတွင် ဒုစရိုက်မှုကျူးလွန်သူများနှင့်မင်းမဲ့စရိုက်ဆန်ဆန် ရမ်းကားမှု များ၊ ခိုက်ရန်ဖြစ်ပွားမှုများ၊ ပြည်သူများအပေါ် အနှောင့်အယှက်ဖြစ်စေမည့်

၂၀၁၇ ခုနှစ်၊ သင်္ကြန်ကာလ မော်လမြိုင်တွင် မြင်တာကိုတည့်တည့်ပြောမည်အဖွဲ့ သံချပ်ဖြင့်လှည့်လည်ဖျော်ဖြေမည်

၂၀၁၇ခုနှစ်၊ မဟာသင်္ကြန်ကာလ မော်လမြိုင်တွင် မြင်တာကိုတည့်တည့်ပြောမည်လူငယ် သံချပ်အဖွဲ့ မြို့အနှံ့လှည့်လည်ဖျော်ဖြေသွားမည်ဟု သိရသည်။

သီရိမင်္ဂလာ ရပ်ကွက်တွင် လျပ်စစ်မီးမလုံလောက်မှုကြောင့် ထရန်စဖော်တစ်လုံးအမြန်လိုအပ်နေ

မော်လမြိုင်၊ နိုဝင်ဘာ ၁၀ မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်တွင် လျှပ်စစ်မီးအား မလုံလောက်သည့်အတွက် ဒေသခံပြည်သူများအခက်ခဲဖြစ်ပေါ်နေပြီး ထရန်စဖော်မာ တစ်လုံး အမြန်လိုအပ် နေကြောင်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

ဆောက်သန်းမြန်မာ အသင်းနှင့် ကစားသမားအသစ်များ စာချုပ်သစ်ချုပ်ဆို

မော်လမြိုင်၊ နိုဝင်ဘာ ၉ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အခြေစိုက် ဆောက်သန်းမြန်မာအသင်းအနေဖြင့် မော်လမြိုင်မြို့တွင် စိစစ်ရွေးချယ်ခဲ့သည့် ကစားသမားများထဲမှ ကစားသမား(၉) ဦးကို စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်နေရာ အပြောင်းအလဲသတင်းမဟုတ်မှန်ဟု ဦးဝင်းထိန်ပြော

မော်လမြိုင်၊ နိုဝင်ဘာ ၈ မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာအပြောင်းအလဲသတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေမှုအပေါ် မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်မှ သံလွင်တိုင်းမ်သို့ ပြောကြားသည်။<!--more--> “ခင်ဗျားတို့ ပြောတဲ့သတင်း မဟုတ်ဘူး။ မဟုတ်ဘူး”ဟု ဦးဝင်းထိန်က ပြောသည်။ လူမှုကွန်ရက်စာမျက်နှာများတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာအား ပြောင်းလဲမည်ဖြစ်ပြီး လက်ရှိ ဝန်ကြီးချုပ်နေရာအစား တိုင်းရင်းသားရေးရာဝန်ကြီး တစ်ဦးမှ တာဝန်ယူသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အဆင့်ဝန်ကြီးတစ်ဦးနေရာလည်း ပြောင်းလဲသွားမည်ဖြစ်ကြောင်းလည်း ကျယ်ပြန့်စွာ သတင်းထွက်ပေါ်နေခြင်းလည်း ဖြစ်သည်။…

သံလွင်ဈေးရှိ ငါးဒိုင်များကို ကျောက်တန်းဘက်သို့ ပြောင်းရွှေ့ရပါက ဆုံးရှုးံမှုများပြီး ဒိုင်များပျက်စီးသွား နိုင်သည်ဟုဆို

မော်လမြိုင်၊ အောက်တိုဘာ ၂၆ မော်လမြိုင်မြို့ ဘိုကုန်းရပ်ရှိ သံလွင်ဈေးတွင် ငါးညီနံ့ှများရရှိနေပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေသောကြောင့် ကျောက်တန်းစက်ရုံစုနယ်မြေအတွင်း ပြောင်းရွှေ့နေရာချထားပေးမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ်မှ လွှတ်တော်တွင် အတည်ပြုဖြေကြားပေးပြီးနောက်ပိုင်း ယင်းသို့ ပြောင်းရွှေ့ရပါက အခက်ခဲများစွာ

ဈေးကြိုအဝေးပြေးယာဉ်ရပ်နားစခန်း ပြောင်းရွှေ့ပါက ကားဝင်းအတွင်းရှိ ဆိုင်ခန်းများအတွက် မြေနေရာချပေး စေလိုကြောင်း ဆိုင်ပိုင်ရှင်များတောင်းဆို

မော်လမြိုင်၊ အောက်တိုဘာ ၂၆ မော်လမြိုင်မြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ပွဲရုံတန်းများနှင့် ကုန်တင်ယာဉ်များအဝင်အထွက် များလာခြင်းကြောင့် မြေနေရာ အခက်ခဲများဖြစ်ပေါ်လျက်ရှိပြီး အဆိုပါ ကားဝင်းကို ပြောင်းရွှေ့ရန် ပြည်နယ် အစိုးရမှ အတည်ပြုလိုက်ပြီးနောက် ပြောင်းရွှေ့ပါက ကားဝင်းအတွင်းရှိ ဆိုင်ခန်းများကို နေရာချပေးစေလို ကြောင်း ဆိုင်ရှင်များက တောင်းဆိုလိုက်သည်။

မွန်ပြည်နယ်ရှိ မြို့အဝင် အထွက်ပေါက်များ စစ်ဆေးရန် ပြည်နယ် အစိုးရရုံးသို့ စာတင်

မော်လမြိုင်၊ အောက်တိုဘာ ၂၅ မွန်ပြည်နယ် မြို့အဝင်အထွက်ပေါက်များကို စစ်ဆေးမှု ပြုလုပ်ရန် ပြည်နယ်အစိုးရုံးသို့ စာတင်ထား ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှုရုံးမှ သတင်းရရှိသည်။