အယ်ဒီတာ့အာဘော်

ပြည်သူ့တွေ့ဆုံပွဲများ ရည်ရွယ်ချက်ရှင်းလင်းပါစေ

မွန်ပြည်နယ်ဝန်ကြီးချုပ်မှ လူထုတွေ့ဆုံပွဲများ မြို့နယ်အလိုက်တွင် ခပ်စိတ်စိတ်တွေ့ဆုံနေသည်ကို တွေ့ရသည်။ ခေါင်းစဉ်များက မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်သူလူထုတွေ့ဆုံပွဲ။ ဆိုရလျှင် ယခင်အစိုးရ အဆက်ဆက်လုပ်ဆောင်ခဲ့ဖူးသည့် တွေ့ဆုံပွဲများနှင့် ကွဲပြားကာ ကိုယ်လည်းပြော နားလည်းထောင်သဘော မျိုးပြုလုပ်သည့် ပွဲဟုဆိုရမည်ဖြစ်သည်။<!--more--> ဝန်ကြီးချုပ်သစ်မှ လူထုနှင့် နီးနီးစပ်စပ်ရှိစေလိုသော ရည်ရွယ်ချက်ဖြင့်လားမသိနိုင်သော်လည်း လူထု တွေ့ဆုံပွဲတွေလုပ်ခဲ့သည်။ လုပ်နေဆဲ။ လုပ်အုံးမည်ကို သတင်းများအရသိရသည်။ အချို့လုပ်ပြီး မြို့များတွင် ပြည်သူနည်းပြီး ဌာနဆိုင်ရာများသည်…

ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး

ကမ္ဘာ့ကုလသမဂ္ဂ ထောင်စုနှစ်ရည်မှန်းချက် (၂၀၁၅)ခုနှစ်တွင် ပြည့်ပြီးနောက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးလမ်းညွှန်ချက်(၁၆)ချက် ထွက်ပေါ်လာသည်။<!--more--> လွတ်လပ်မျှတပြီး ကောင်းမွန်စွာတွေးခေါ်မျှော်မြင်နိုင်ကာ ကျန်းမာသန်စွမ်းပြီး တရားရေးဆိုင်ရာ တန်း တူညီမျှမှု၊ မြို့ပြများဖွံ့ဖြိုးတိုးတက်မှုစသည်များပါဝင်သော ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက် ရေး ဆိုင်ရာအချက်(၁၆)ချက်အပေါ်တွင် တစ်ကမ္ဘာလုံးက သာတူညီမျှစွာ တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ် သည်။ တစ်ဖက်တွင် ပြည်နယ်၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုအစီအစဉ်ကား ဘယ်လိုနည်း။ ဘယ်ပုံနည်း။ အစိုးရသစ်တက်ခါစဖြစ်သည့်အတွက် ရေရှည်တည်တံ့သော…

ပြည်နယ်လွှတ်တော်များ အားကောင်းစေရေး

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး အောက်တိုဘာ(၃) ရက်နေ့တွင် ထပ်မံ ကျင်းပပြုလုပ်တော့မည်။ ကာလအတန်ကြာမကျင်းပခဲ့သော မွန်ပြည်နယ်လွှတ်တော် ပြန်လည်စတင် မည်ဖြစ်သောကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တင်ပြပြောဆိုဆွေးနွေးစရာများ ပြည့်နှက်နေ မည်ဟု ထင်မြင်ရပါသည်။<!--more--> ဒီမိုကရေစီခေတ်တွင် လွှတ်တော်အဆောက်အအုံနှင့် လုပ်ငန်းများအားကောင်းလာရေးသည် အင်မ တန်အရေးကြီးပါသည်။ အစိုးရကို ထိန်းကျောင်းရေး၊ ဥပဒေပြင်ဆင်ရေး၊ ဥပဒေသုံးသပ်ရေး၊ ဥပဒေပြုလုပ်ရေး များသည် လွှတ်တော်များမှ တဆင့်သာလျှင် သွားမှ၊…

ကလေးတွေကို ငဲ့ညှာပေးပါ

အရွယ်အရောက်သေးသည့် ကလေးမုဒိမ်းမှုသတင်း အယ်ဒီတာ့စားပွဲသို့ အပတ်စဉ်တစ်ပုဒ်(သို့)နှစ်ပုဒ် ရောက်ရောက်လာသည်။ စိတ်မကောင်းစွာဖတ်ရ၊ တည်းဖြတ်ရသည်။ အများအားဖြင့် ကျူးလွန်ခံရသူများ အတွက် ယူကျုံးမရဖြစ်မိသည်။<!--more--> မွန်ပြည်နယ်ရှိ မြို့နယ်တိုင်းလိုလိုကလေးမုဒိမ်းမှုများဖြစ်ပေါ်လျက်ရှိသည်။ အသက်(၄)နှစ်မှ (၁၃)နှစ် အရွယ် အမျိုးသမီးငယ်များ ပုံစံအမျိုးမျိုးဖြင့် အဓမ္မပြုကျင့်ခြင်းခံနေရသည်။ အချို့ကား အိမ်တွင်နေရင်း၊ အချို့ ကားလမ်းသွားရင်း၊ အချို့ကားလှည့်ဖျားခေါ်ဆောင်သွားခြင်း၊ အချို့ကား အကြမ်းဖက်ကြံစည်ခြင်းများဖြင့် စုံလင်လှသည်။ ဆိုရင်လျှင် မိမိတို့ လူ့အသိုင်းအဝိုင်းသည်…

လူငယ့်ရေးရာမူဝါဒအရေး ဝိုင်းကြ ဝန်းကြ ကူညီကြ

မြန်မာနိုင်ငံတွင် ပထမဆုံးသော လူငယ့်ရေးရာမူဝါဒ ပေါ်ထွန်းရေးအတွက် ဒေသအသီးသီးက လူငယ် တွေ လှုပ်လှုပ်ရှားရှားရှိနေကြသည်။ အနာဂတ် လူငယ်များအရေးအတွက် လက်ရှိလူငယ်တွေ ကြိုးပမ်းနေကြ သည်။<!--more--> မှန်ပါသည်။ မြန်မာနိုင်ငံတွင် လူငယ့်ရေးရာမူဝါဒပေါ်ထွန်းရေးအတွက် ၂၀၁၂ ခုနှစ်ကတည်းက အရှိန် အဟုန်ဖြင့် တိုက်တွန်းခဲ့ကြသည်။ ၂၀၁၄ မြန်မာ့လူငယ်ဖိုရမ် မော်လမြိုင်တွင် ကျင်းပစဉ်ကတည်းက ပြန်လည် အခြေခိုင်အောင်တည်ဆောက် တိုက်တွန်းခဲ့ကြသည်။ ၂၀၁၆ မြန်မာ့လူငယ်ဖိုရမ်…

အချိန်ယူပါ၊ သေချာစွာဆွေးနွေးပါ။ အဖြေထွက်ပါစေ

အစိုးရသစ်ကြွေးကြော်သည့်အတိုင်း ၂၀၁၆၊ သြဂုတ်လကုန်ဖြစ်သည့် (၃၁)ရက်နေ့တွင် ၂၁ရာစုပင်လုံ ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံစတင်ခဲ့သည်။<!--more--> ယခင်တစ်ကြိမ်ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးညီလာခံထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၃)ဖွဲ့မှ လွဲပြီး အင်အားစုတော်တော်များများတက်ရောက်ခဲ့သည့် ညီလာခံဖြစ်ကာ ကမ္ဘာကအာရုံစိုက်သည့် ညီလာခံ တစ်ခုလည်းဖြစ်သည်။ ညီလာခံဒုတိယနေ့မှ စတင်ပြီး အင်အားစုအားလုံးမှ မိမိတို့၏ ရပ်တည်ချက်များ၊ သဘောထားများ၊ မျှော်မှန်းချက်များကို အသီးသီးဖော်ထုတ်ခဲ့ကြပြီး ကွဲလွဲမှုတော်တော်များများရှိသည်ကို အထင်းသားတွေ့ရှိရ သည်။ အရောင်အသွေးစုံသော နိုင်ငံရေးယူဆချက်အမျိုးမျိုးရှိသည်ဖြစ်သဖြင့်…

ဘယ်သူက ဘယ်သူ့ကို တာဝန်ခံမလဲ

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲစနစ်တည်ငြိမ်စွာဖြင့် တက်လာသည်မှာ သက်တမ်းတစ်ကြိမ်သာလျှင် ပြီးသေးပြီး ဒုတိယအကြိမ်သို့ ချဉ်းနင်းဝင်ရောက်စဉ်ကာလသာလျှင် ရှိနေသေးသည်။