ပိုးဖလံနှင့် မီးသီး (ခေတ်သစ် ဒဏ္ဏာရီတစ်ပုဒ်)
တစ်ခါက လူငယ်လေးတစ်ယောက်သည် အရှေ့ တောင်အာရှရှိ မြို့ကြီးတစ်မြို့တွင် နေ့စားအလုပ်သမားဘဝဖြင့် နေထိုင်လေသည်။ ကွန်ကရစ်နံရံလေးခု၊ ကွန်ကရစ်မျက်နှာကျက်တို့ဖြင့် ပြုလုပ်ထားသည့် တိုက်ခန်းကျဉ်းလေးတွင် သူ တစ်ယောက်တည်း နေထိုင်ခဲ့သည်။ အခန်းကြမ်းပြင်ကို ကွန်ကရစ်နှင့်အရောင်တူ မီးခိုးရောင် စတုရန်းကြွေပြားခင်းထားသည့်အတွက် ထိုတိုက်ခန်းသည် အတိုင်းအတာ မရှိသကဲ့သို့ ခံစားရစေသည်။ တံခါးအထက်တွင် လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်ငယ်တစ်ခုရှိသည်။ သီးခြားဖြစ်သော ရေချိုးခန်းငယ်လေးအတွင်း ဆောင့်ကြောင့်ထိုင် အိမ်သာတစ်ခုပါရှိပြီး အိမ်သာဘေးရှိ…