သတင်း

ကာတာ အခြေစိုက်စခန်းရှိ အမေရိကန်တပ်တွေ ပြန်လည် ဆုတ်ခွာနေချိန် အီရန်မှာ သတ်ဖြတ်မှုတွေ ရပ်တန့်သွားပြီလို့ ထရန့် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၁၅ ကာတာနိုင်ငံရှိ အမေရိကန်ရဲ့ အဓိက အခြေစိုက်စခန်းက တပ်ဖွဲ့ဝင် အင်အားကို လျှော့ချနေချိန်မှာ သမ္မတ ဒေါ်နယ် ထရန့်က အီရန်မှာ ဆန္ဒပြသူတွေကို သတ်ဖြတ်မှုတွေ ရပ်တန့် သွားပြီ ဖြစ်ကြောင်း ပြောပါတယ်။ အီရန်မှာ ဆန္ဒပြသူတွေကို သတ်ဖြတ်နေမှုတွေ ရပ်တန့်သွားပြီ ဖြစ်ကြောင်းနဲ့ သေဒဏ်ကြောင့် ကွပ်မျက်ဖို့ စီစဉ်ထားမှုတွေကို ရှေ့ဆက် လုပ်ဆောင်တော့မှာ…

ယူကရိန်းမှာ စွမ်းအင်ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာ

ကိဗ်၊ ဇန်နဝါရီ ၁၅ ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်နေချိန် ယူကရိန်း စွမ်းအင်ကဏ္ဍမှာ အရေးပေါ် အခြေအနေ ကြုံတွေ့နေရကြောင်း ယူကရိန်း အစိုးရက ကြေညာပါတယ်။ ရုရှားက သူတို့ရဲ့ စစ်ပွဲ ဆင်နွှဲမှု ဗျူဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆောင်းရာသီ အေးခဲနေတဲ့ အခြေအနေကို အသုံးချပြီး ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ…

တစ်နှစ်အတွင်း စစ်ကော်မရှင်လက်ချက်ကြောင့် လူပေါင်း ၂၅၀၀ နီးပါး သေဆုံး

မော်လမြိုင်၊ ဇန်နဝါရီ ၁၅ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၅၀၀ နီးပါး သေဆုံးခဲ့တယ်လို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ Spring Revolution Database – SRD က ထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ…

မွန်မှာ စစ်မှုထမ်း အပတ်စဉ် ၂၁ အတွက် လူငယ် ၂၀၀ ကျော် စစ်သားစုဆောင်းခံရ

မော်လမြိုင် ၊ ဇန်နဝါရီ ၁၅ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ဖွင့်လှစ်မယ့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၁ သင်တန်းအတွက် လူငယ် ၂၀၀ ကျော် စစ်သားစုဆောင်းခံလိုက်ရတယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ နိုင်ငံအနှံ့ ခုခံတော်လှန်စစ်ကို ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကာလအတွင်းမှာလည်း မွန်ပြည်နယ်မှာ စစ်မှုထမ်း တပ်သားစုဆောင်းမှုတွေကို ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်မှုထမ်း…

နိုင်ငံပေါင်း ၇၅ နိုင်ငံအတွက် ရွှေ့ပြောင်းနေထိုင်သူတွေ ဗီဇာထုတ်ပေးမှု အမေရိကန် ရပ်ဆိုင်းမယ်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၅ နိုင်ငံပေါင်း ၇၅ နိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်ဖို့ ဗီဇာ လျှောက်ထားသူတွေအတွက် ဗီဇာ ထုတ်ပေးရေး ဆောင်ရွက်မှုကို ရပ်ဆိုင်းတော့မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။ ဒါက ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် အမေရိကန်အစိုးရရဲ့ နှိမ်နှင်းမှု အရှိန်မြင့်တက်လာမှုရဲ့ တစ်စိတ်တစ်ပိုင်း လုပ်ရပ်ဖြစ်ပါတယ်။ နိုင်ငံအများက…

ကော့ကရိတ်အခြေစိုက်တပ်က တပ်သားနှစ်ဦး KNU ထံ ဘက်ပြောင်းခိုလှုံ

ကော့ကရိတ်၊ ဇန်နဝါရီ ၁၅ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အခြေစိုက် အမှတ် ၅၄၈ ခြေမြန်တပ်ရင်းက တပ်သား နှစ်ဦး လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရတဲ့ အဲဒီတပ်သားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ လက်နက်ခဲယမ်းနဲ့အတူ ဘားအံခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ထံ…

ထိုင်းနိုင်ငံ ရာမ-၂ လမ်းမပေါ်မှာ ယာဉ်နှစ်စီးပေါ်သို့ ကရိန်းပြိုလဲကျပြီး လူနှစ်ဦး သေဆုံး

ဘန်ကောက်၊ ဇန်နဝါရီ ၁၅ ဇန်နဝါရီ ၁၅ ရက် မနက်က ဘန်ကောက်မြို့အနီး ဆာမွတ်ဆာခွန် ပြည်နယ် ရာမ ၂ လမ်းမပေါ်မှာ သွားလာနေတဲ့ ယာဉ်နှစ်စီးအပေါ် ကရိန်းပြိုလဲကျပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းပြည်တွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ သာချင်းဒေသ ပါရီ ဂါးဒင်း ဟိုတယ် အပြင်ဖက်မှာ မနက် ၉ နာရီ ၂၅ မိနစ်က…

အီရန်က လေကြောင်းခရီးစဉ် အများစုအတွက် လေပိုက်နက်ကို ယာယီပိတ်သိမ်း

ဝါရှင်တန်၊ ဇန်ဝါရီ ၁၅ အီရန်နိုင်ငံသို့ တရားဝင် ခွင့်ပြုထားတဲ့ နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေကလွဲပြီး တခြား လေကြောင်း ခရီးစဉ်အားလုံးကို ဇန်နဝါရီ ၁၄ ရက်မှာ ယာယီ ပိတ်ထားခဲ့ကြောင်း အမေရိကန် ဖက်ဒရယ် လေကြောင်း ပျံသန်းမှု စီမံခန့်ခွဲရေး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အဲဒီ တားမြစ် ပိတ်ပင်မှုဟာ နှစ်နာရီကျော်လောက် ကြာမြင့်ခဲ့ပေမယ့် နောက်ထပ်…

စစ်အာဏာသိမ်း (၁၈၀၉)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၈၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၅ AAPP ရဲ့ ဇန်နဝါရီ၁၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၀၉) ရက်အတွင်း ပြည်သူ (၇၆၈၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၂၇၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၅၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ပဋိပက္ခလျော့ချရေး လူငယ်တွေနဲ့ ငြိမ်းချမ်းရေးလမ်းစဖော်ဖို့ စစ်တပ်ကြိုးပမ်း

နေပြည်တော် ၊ ဇန်နဝါရီ ၁၅ မြန်မာနိုင်ငံရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုမှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ ပါဝင်နေတဲ့ အာဏာ သိမ်းစစ်တပ်က လက်နက်ကိုင်ပဋိပက္ခတွေ လျော့ချရေးအတွက် ပြည်တွင်းက လူငယ်တွေနဲ့ ငြိမ်း ချမ်းရေးလမ်းစဖော်ဖို့ ကြိုးပမ်းလာနေပါတယ်။ အာဏာသိမ်းမှုအအတွင်း ဖွဲ့စည်းခဲ့တဲ့ စစ်တပ်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း‌ရေးကော်မတီ NSPNC က ဦးဆောင်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ဇန်နဝါရီ ၁၃ ရက်နေ့က…