သတင်း

မော်လမြိုင်မှာ သိန်းပေါင်း သောင်းချီ ကုန်ကျခံပြီး CCTV ကင်မရာတွေ တပ်ဆင်ထားပေမယ့် ပြည်သူအတွက် အကျိုးမရှိ

မော်လမြိုင်၊ စက်တင်ဘာ (၃၀) မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ Safe City ဖြစ်ဖို့ ပြည်သူ့ဘဏ္ဍာငွေထဲကနေ ငွေကျပ် သိန်းပေါင်း သောင်းချီ ကုန်ကျခံပြီး CCTV ကင်မရာတွေ တပ်ဆင်ထားပေမယ့် ပြည်သူအတွက် အကျိုးမရှိဘူးလို့ မြို့ခံတွေက ဝေဖန်လိုက်ပါတယ်။ မော်လမြိုင်မြို့ပေါ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် အများပြည်သူရဲ့ လှုပ်ရှားသွားလာမှုအပြင် ခိုးဆိုးလုယက်မှုတွေကို ခြေခံဖို့ဆိုပြီး CCTV ကင်မရာတွေကို မြို့ပေါ်…

ရုပ်မြင်သံကြားလိုင်းတွေ ဆင်ဆာခွင့်ပြုချက်ယူရမယ်လို့ စစ်ကောင်စီ ပြော

ရန်ကုန်၊ စက်တင်ဘာ (၃၀) ရုပ်မြင်သံကြားလိုင်းတွေမှာ ထုတ်လွှင့်ပြသမယ့် ပြည်တွင်းပြည်ပ ဇာတ်ကား၊ဇာတ်လမ်းတွဲအတွက် ဗီဒီယိုဆင်ဆာခွင့်ပြုချက် ရယူရမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲတင့်က ရုပ်သံကုမ္ပဏီတွေကို ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၇) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရုပ်သံလွှင့်ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဆင်ဆာကိစ္စတွေ့ဆုံညှိနှိုင်းချိန်မှာ စစ်ကောင်စီဘက်က အခုလို ပြောဆိုခဲ့တာပါ။ စစ်ကောင်စီ ဒုဝန်ကြီး ဦးရဲတင့်ကတော့ ဇာတ်လမ်းတွဲတွေရဲ့ ဇာတ်လမ်းနဲ့ ပါဝင်တဲ့…

စစ်ကောင်စီ လက်ထက်မှာ အလုပ်သမားအခွင့်အရေး လုံးဝ ဆိတ်သုဉ်းသွားပြီ

ရန်ကုန်၊ စက်တင်ဘာ (၃၀) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်အတွင်း အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ အခြေခံအလုပ်သမားအခွင့်အရေးတွေ လုံးဝဆိတ်သုဉ်းသွားပြီး မတရားဖိနှိပ်ခံနေရတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အလုပ်သမားအရေးလှုပ်ရှားသူတွေရဲ့ အဆိုအရ အာဏာသိမ်းမှုအတွင်း အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေကို အပြည့်အဝ မရရှိတဲ့အပြင် လူ့အခွင့်အရေးတွေကိုပါ ချိုးဖောက်ခံနေရတာလို့ ဆိုကြပါတယ်။ စက်ရုံ၊အလုပ်ရုံမှာ အလုပ်သမားတွေရဲ့ တစ်ရက် အလုပ်လုပ်ချိန် ၈…

သထုံမြို့နယ်မှာ စစ်ကောင်စီ ပြည်သူ့စစ် ဒုခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

သထုံ၊ စက်တင်ဘာ (၂၉) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာမှာ စက်တင်ဘာလ ၂၉ ရက်နေ့ မနက် ၈ နာရီလောက်က စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေးဗရိန်းကျေးရွာ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် စိုးဝင်းကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပကဖ)က လက်ဖက်ရည်ဆိုင်မှာ အဖော်တစ်ဦးနဲ့အတူ…

ပြည်သူတွေရဲ့ စေတနာ၊မေတ္တာတွေနဲ့ တော်လှန်ရေးကို မောင်းနှင်နေတယ်လို့ NUG ဆို

မော်လမြိုင် – စက်တင်ဘာ(၂၉) မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးနွေဦးတော်လှန်ရေးအတွက် ပြည်သူလူထုရဲ့ စေတနာ၊ မေတ္တာနဲ့ ပံ့ပိုးထားတဲ့ ငွေတွေနဲ့သာ တော်လှန်ရေးကို အဓိက မောင်းနှင်နေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ ကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၈) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၇) ကြိမ်မြောက် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးမှာ အခုလိုပြောဆိုခဲ့တာပါ။ “လက်ရှိအချိန်ထိ ပြည်ပတိုင်းပြည်တွေက ထောက်ပံ့ငွေ လုံးဝမရသေးဘဲ ပြည်သူတွေရဲ့…

YBS ယာဉ်လိုင်းတွေမှာ ကတ်စနစ် ပိုမိုသုံးစွဲလာစေဖို့ ကျပ် ၂၀ လျှော့ပေးလိုက်တာလို့ YRTC ပြော

ရန်ကုန် စက်တင်ဘာ ၂၉ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)က YBS ဘတ်စ်ကားစီးသူတွေအနေနဲ့ ကတ်စနစ်ကို ပိုမိုသုံးစွဲလာစေဖို့အတွက် ကတ်စနစ်နဲ့ စီးသူတွေကို ပုံမှန်ယာဉ်စီးခထက် ငွေကျပ် ၂၀ လျော့ချပေးလိုက်တယ်လို့ YRTCက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ YRTC က အခုလို ယာဉ်စီးခ ကျပ် ၂၀ လျှော့ချ လိုက်တယ်ဆိုပေမယ့်…

Facebook ပုံစံအသစ်ကြောင့် သတင်းချက်အလက်တွေအတွက် အတားအဆီဖြစ်လာနိုင်

ရန်ကုန် – စက်တင်ဘာ(၂၉) မြန်မာနိုင်ငံအတွက် Facebook ပုံစံအသစ်ပြုလုပ်ဖို့ ပြင်ဆင်နေတာဟာ ပြည်သူတွေအတွက် ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက် လက်လှမ်းမီမှုကို အတားအဆီးဖြစ်လာနိုင်တယ် လို့ သတင်းမီဒီယာတိုက်နဲ့ မီဒီယာအခွင့်အရေးဆိုင်ရာ (၄၃) ဖွဲ့က တောင်းဆိုထားပါတယ်။ Facebook ပြုပြင်မွမ်းမံမှုပုံစံအသစ်ဟာ သတင်းအချက်အလက်သိရှိနိုင်ခွင့်၊လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်မှုအပါအဝင် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်နေတယ်လို့ ဆိုထားကြတာပါ။ အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံက လွတ်လပ်တဲ့…

လာလီဂါရဲ့ အကောင်းဆုံး ကစားသမား ဆု ၃ ဆုကို ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာ ဆွတ်ခူးရရှိ

မော်လမြိုင်၊ စက်တင်ဘာ (၂၉) ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ၂၀၂၁- ၂၀၂၂ ဘောလုံးရာသီအတွက် စပိန်လာလီဂါ အကောင်ဆုံး ကစားသမား ကစားသမားဆုအပါအဝင် အကောင်းဆုံးဆု ၃ ဆုကို ဆွတ်ခူးရရှိခဲ့တာပါ။ အသက် ၃၄ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်ဖက်ဒရစ်အသင်းကို လာလီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူပေးရာမှာ…

ဆော်ဒီဘုရင်က သားတော် အိမ်ရှေ့မင်းသားကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်

ရီးယာ့ဒ်၊ စက်တင်ဘာ (၂၉) ဆော်ဒီအာရေဗျ ဘုရင် ဆာလ်မန်ဘင် အဘ်ဒူလာဇီဟာ သားတော် အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလ်မန်ကို နိုင်ငံ တော်ရဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဒုတိယသားတော် မင်းသားခါးလ်လစ်ကိုတော့ ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ ပါတယ်။ ဒါ့အပြင် နောက်ထပ် သားတော်ဖြစ်တဲ့ မင်းသား အဘ်ဒူလာဇီ ဘင်ဆာလ်မန်ကိုတော့ စွမ်းအင်ဝန်ကြီး ရာထူးကို လွှဲပြောင်း…