အာဏာရှင်ကိုဝေဖန်ခဲ့တဲ့ ကမ္ဘောဒီးယားသတင်းဌာန Voice of Democracy ကိုပိတ်သိမ်းဖို့ အမိန့်ပေးခံရ
ဖနွမ်းပင် – ဖေဖော်ဝါရီ(၁၄) ကမ္ဘောဒီးယား ခေါင်းဆောင်ဟွန်ဆန်ရဲ့ သားဖြစ်သူနဲ့ပတ်သက်တဲ့ သတင်းဖော်ပြမှုကြောင့် အမှီအခိုကင်းပြီး လွတ်လပ်တဲ့ ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ Voice of Democracy ကို ပိတ်ပစ်ဖို့ သမ္မတဟွန်ဆန်က အမိန့်ပေးခဲ့ပါတယ်။ ကမ္ဘာ့ကာလအရှည်ကြားဆုံးခေါင်းဆောင်တွေထဲမှာအပါအဝင်ဖြစ်တဲ့ မစ္စတာဟွန်ဆန်ဟာ လာမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး အတိုက်အခံပြုလုပ် သူအားလုံးကို ဖြိုခွင်းနေတယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။ ခမာ၊အင်္ဂလိပ်ဘာသာတို့နဲ့ ထုတ်လွှင့်နေတဲ့…
