Radio Than Lwin Times(8/9)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
ဘန်ကောက်၊ စက်တင်ဘာ ၈ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆိုင်းငံ့ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ရာထူးသက်တမ်းကို ရပ်စဲရန် စဉ်းစားနေချိန်မှာ သက်သေအထောက်အထားတွေ ထပ်မံတင်သွင်းဖို့ ယနေ့ စက်တင်ဘာ ၈ရက်နေ့က တောင်းခံလိုက်ပါတယ်။ ၂၀၁၄ခုနှစ်က အာဏာသိမ်းမှုကနေတဆင့် အာဏာရလာတဲ့ စစ်တပ်အကြီးအကဲဟောင်းကို တရားရုံးက ပြီးခဲ့တဲ့ သြဂုတ်လ မှာ ရာထူးကနေ ရပ်ဆိုင်းခဲ့ပါတယ်။ ရှစ်နှစ်သက်တမ်းကုန်ဆုံးပြီး ရာထူးမှနုတ်ထွက်ရမယ်လို့ ငြင်းခုံနေကြတဲ့…
တိုကျို၊ စက်တင်ဘာ(၉) မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုပုံစံနဲ့ ခြိမ်းခြောက်ရန်စမှုကို ပြန်လည်တုန့်ပြန်ဖို့အတွက် ဂျပန်၊တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ပိုမိုခိုင် မာတဲ့ နျူကလီးယားနဲ့ပတ်သက်တဲ့ ဆက်ဆံရေးကိုထူထောင်မယ်လို့ သဘောတူညီခဲ့ကြပါတယ်။ ယခုနှစ်အတွင်း မြောက်ကိုရီယားဟာ ပုံမှန်မဟုတ်တဲ့ ဒုံးကျည်ပစ်လွှတ်မှု တော်တော်များများကို ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ တော့ ပြုံးယမ်းဟာ ရုရှားထံ လက်နက်များကို ရောင်းချနိုင်တယ်လို့ အမေရိကန်က သတိပေးခဲ့ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ၂၀၁၇ခုနှစ်နောက်ပိုင်းကစပြီး ပထမဆုံးနျူကလီးယားစမ်းသပ်မှုတွေ ပြုလုပ်တော့မယ်…
ဒါကာ – စက်တင်ဘာ(၉) မြန်မာဘက်က မော်တာကျည်(၂) ကြိမ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ဒါကာမှာရှိတဲ့ မြန်မာသံအမတ်ကို ဆင့်ခေါ်သတိပေးမှုတွေလုပ်ပြီး ငါးရက်အကြာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၃) ရက်နေ့က ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို မော်တာကျည်(၂) ကြိမ်ထက်မနည်း ထပ်မံပစ်ခတ်ခဲ့တာဟာ နိုင်ငံတကာဥပဒေနဲ့ မညီဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။ ဘန်ဒါဘင်တောင်ကုန်းဒေသက စုံစမ်းစစ်ဆေးရေးစင်တာရဲ့ အဆိုအရ အနည်းဆုံးတိုက် လေယာဉ်နှစ်စင်းဟာ ဘင်္ဂလားဒေရှေ့်နယ်စပ်ကို ဖြတ်ကျော်ပျံသန်းကာ ကျည်(၃၀)…
မော်လမြိုင် – စက်တင်ဘာ(၉) နွေဦးတော်လှန်ရေးဟာ အချိန်တိုင်းအရေးကြီးတာကြောင့် အချိန်တိုင်းကို တန်ဖိုးထားပြီး အလုပ်လုပ် ကြဖို့လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီ အစည်းအဝေးအမှတ်စဉ်(၂၈/၂၀၂၂) မှာ အခုလိုပြောခဲ့တာပါ။ “တော်လှန်ရေးဟာ အချိန်တိုင်းအရေးကြီးတာကြောင့် အချိန်တိုင်းကို တန်ဖိုးထားပြီး အလုပ်လုပ်ကြ ရန်လိုအပ် တယ်၊ ကော်မတီရဲ့ တစ်နှစ်ပြည့်အစီရင်ခံစာကို…
မော်လမြိုင်၊ စက်တင်ဘာ (၉) ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ဆက်တိုက် ကျဆင်းနေပေမယ့် အာဏာသိမ်း စစ်ကောင်စီက ဒေါ်လာသန်း ၂၀၀ အမှန်တကယ် ထောက်ပံ့တာ မရှိတဲ့အတွက်ကြောင့် စက်သုံးဆီဈေးနှုန်း မကျတာလို့ စက်သုံးဆီတင်သွင်းရောင်းချသူတွေနဲ့ လုပ်ငန်းရှင်တွေက သုံးသပ်တာပါ။ စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှ တဆင့် အမေရိကန် ဒေါ်လာသန်း(၂၀၀)ကျော် ထောက်ပံ့ ပေးသွားမယ်လို့ ပြီးခဲ့တဲ့…
ရေး၊ စက်တင်ဘာ ၉ မွန်ပြည်နယ်၊ ရေးမြို့မှာ စစ်ကောင်စီဘက်က လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ရေးခရိုင်တရားရုံးဟာ စက်တင်ဘာ ၈ ရက်နေ့ ည ၇ နာရီလောက်မှာ ဗုံးခွဲခံရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးခရိုင်တရားရုံးကို အမည်မသိ လူငယ် ၂ ဦးက ဆိုင်ကယ်နဲ့လာပြီး တရားရုံးထဲကို ဗုံးပစ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် တရားရုံးမှန်တံခါးတွေ…
မော်လမြိုင်၊ စက်တင်ဘာ (၉) AAPP ၏ စက်တင်ဘာလ (၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၈၅)အတွင်း ပြည်သူ (၂၂၇၁)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၄၃၈ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၈၂) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…
တနင်္သာရီ၊ စက်တင်ဘာ ၉ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပိုင်းမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒေသခံ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ ထားဝယ်-ထီးခီးလမ်းပိုင်းမှာရှိတဲ့ ဘဝပင်ကျေးရွားအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေတိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။…
ရန်ကုန်၊ စက်တင်ဘာ (၉) စစ်ရေး၊အုပ်ချုပ်ရေး အပါအဝင် နယ်မြေစိုးမိုရေးကအစ အဘက်ဘက်က အရေးနိမ့်နေတဲ့အချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့ပြဿနာကို ထိန်းချုပ်နိုင်ပြီလို့ ပြောဆိုမှုဟာ လိမ်လည်မှုသာဖြစ်တယ်လို့ နိုင်ငံရေးနဲ့ စစ်ရေး လေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။ ရုရှားနိုင်ငံ၊ ဗလာဒီဘော့စတော့မြို့မှာ ပြုလုပ်နေတဲ့ ၇၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်- ၂၀၂၂ ကို တက်ရောက်နေတဲ့ စစ်ခေါင်းဆောင်ဟာ ရုရှားသတင်းဌာနတစ်ခုရဲ့…