နိုင်ငံတကာ

အယုံအကြည်မရှိ အဆို မဲခွဲပြီးနောက် ပြင်သစ် အစိုးရ ပြိုလဲ

ပါရီ၊ ဒီဇင်ဘာ ၅ အယုံအကြည်မရှိ အဆို မဲခွဲမှုအတွင်း ပြင်သစ်ဝန်ကြီးချုပ် မိုက်ကယ် ဘာနီယာ ထုတ်ပယ်ခံရပြီးနောက် အစိုးရတစ်ခုလုံး ပြိုလဲသွားပြီ ဖြစ်ပါတယ်။ သမ္မတ မက်ကရွန်က မိုက်ကယ်ဘာနီယာကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ပြီး သုံးလအကြာမှာပဲ သူ့အပေါ် အယုံအကြည် မရှိကြောင်း အဆိုကို လွှတ်တော် အမတ်တွေ တခဲနက် ထောက်ခံခဲ့ကြပါတယ်။ ဗြိတိန်က အီးယူကနေ…

တောင်ကိုရီးယား သမ္မတ ပုန်ကန်မှုနဲ့ စစ်ဆေးခံနေရ

ဆိုးလ်၊ ဒီဇင်ဘာ ၅ စစ်အုပ်ချုပ်ရေး ခေတ္တကြေညာမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယားသမ္မတ ယောင်ဆွတ်ယိုလ်ကို ရဲတပ်ဖွဲ့က ပုန်ကန်မှုနဲ့ စုံစမ်း စစ်ဆေးနေကြောင်း သိရပါတယ်။ သမ္မတရဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်တာနဲ့ ပတ်သက်လို့ စစ်ဖက်ဆိုင်ရာ အရာရှိတွေကို လွှတ်တော်အမတ်တွေက စစ်ဆေးမေးမြန်းချိန်မှာ အဲဒီအကြောင်းသိရှိထားတဲ့လူ အနည်းငယ်သာ ရှိပြီး ကာကွယ်ရေးဝန်ကြီးဟာ အဲဒီကြေညာချက်ကို သတင်းဌာနတွေက ဖော်ပြပြီးမှ သိရှိခဲ့တာ ဖြစ်တယ်လို့…

ရုရှားနဲ့ တရုတ်ရဲ့ အဖျက်အမှောင့် လုပ်ရပ်တွေကို တုံ့ပြန်ရေး နေတိုး အရှိန်မြှင့် ကြိုးပမ်းမယ်

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၄ မဟာမိတ်နိုင်ငံတွေမှာ ရုရှားနဲ့တရုတ်တို့ရဲ့ ရန်လိုတဲ့ အဖျက်အမှောင့် လုပ်ရပ်တွေနဲ့ ရင်ဆိုင်နေရချိန် အရေးပါတဲ့ အခြေခံ အဆောက်အဦတွေကို ကာကွယ်ပေးနိုင်မှု ပိုမိုကောင်းမွန်စေရေး၊ ထောက်လှမ်းရေး သတင်းအချက်အလက် ဝေမျှရေး အရှိန်မြှင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နေတိုးအဖွဲ့ အကြီးအကဲ မက် ရူတီက ဒီဇင်ဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ…

စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာချက် ရုတ်သိမ်းရပြီးနောက် တောင်ကိုရီးယားသမ္မတ နုတ်ထွက်ရေး တောင်းဆိုမှု ပိုများလာ

ဆိုးလ်၊ ဒီဇင်ဘာ ၄ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်က အမှတ်မထင် ကြေညာလိုက်တဲ့ စစ်အုပ်ချုပ်ရေးဥပဒေကို လွှတ်တော်အမတ်တွေက တားဆီးခဲ့ပြီးနောက် သူကိုယ်တိုင် ပြန်လည် ရုတ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ သမ္မတက မြောက်ကိုရီးယား ကွန်မြူနစ်အင်အားစုတွေကို ကာကွယ်ရေးနဲ့ အစိုးရဆန့်ကျင်ရေး အင်အားစုတွေကို ရှင်းထုတ်ဖို့ လိုအပ်တယ်လို့ ပြောကြားပြီး ဒီဇင်ဘာ ၃ ရက် ညပိုင်းမှာ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာခဲ့တာ ဖြစ်ပါတယ်။…

ကွပ်မျက်မခံရစေဖို့ ဗီယက်နမ် အမျိုးသမီးလုပ်ငန်းရှင် သူဌေးကြီး ကန်ဒေါ်လာ ၉ ဘီလီယံ ပေးလျော်ရမယ်

ဟနွိုင်း၊ ဒီဇင်ဘာ ၃ ဗီယက်နမ် အမျိုးသမီးလုပ်ငန်းရှင် သူဌေးကြီး ထရူအွန် မိုင်လန်အနေနဲ့ ချမှတ်ခံထားရတဲ့ သေဒဏ်အတိုင်း အပြစ်ပေးမခံလိုပါက အစိုးရထံ အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ပေးလျော်ရမယ်လို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ဘဏ်လိမ်လည်မှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့အတွက် အသက် ၆၈ နှစ်အရွယ် သူဌေးမကြီးဟာ ဧပြီလက သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒါက ဗီယက်နမ်မှာ…

တောင်တရုတ်ပင်လယ်ထဲ ရုရှားရေငုပ်သင်္ဘော ရောက်ရှိမှု ဖိလစ်ပိုင်သမ္မတ စိုးရိမ်

မနီလာ၊ ဒီဇင်ဘာ ၃ တောင်တရုတ်ပင်လယ်ရှိ နိုင်ငံပိုင် အထူးစီးပွားရေးဇုန်ထဲသို့ ရုရှား ရေငုပ်သင်္ဘော ရောက်ရှိနေမှုဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ ကိစ္စ ဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဒီဇင်ဘာ ၂ ရက်မှာ ပြောကြားလိုက်ပါတယ်။ ကီလိုအဆင့် ရုရှား ရေငုပ်သင်္ဘော တစ်စီးကို နိုဝင်ဘာ ၂၈ ရက်တုန်းက အော်စီဒန်ရှယ် မင်ဒိုရိုဒေသ အနောက်ဖက်…

သမ္မတသက်တမ်း ကုန်ဆုံးတော့မယ့် ဘိုင်ဒန်က သားဖြစ်သူကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ ၂ မကြာမီ ရာထူးလွှဲပြောင်းပေးရတော့မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရာဇဝတ်မှု နှစ်ခုအတွက် ပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ သားဖြစ်သူ ဟန်တာ ဘိုင်ဒန်ကို တရားဝင် ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။ သားဖြစ်သူကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးမှာ မဟုတ်ဘူးလို့ သမ္မတဘိုင်ဒန်က အရင်က ပြောထားခဲ့ဖူးပေမယ့် အခုတစ်ခါ ကြေညာချက်မှာ ဟန်တာဟာ ရွေးထုတ်ခံခဲ့ရတာ ဖြစ်ပြီး ဒီအမှုတွေဟာ…

ငါးဖမ်းလှေတွေကို မြန်မာရေတပ် ပစ်ခတ်ဖမ်းဆီးမှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်

ဘန်ကောက်၊ ဒီဇင်ဘာ ၂ ထိုင်းငါးဖမ်းလှေတွေကို မြန်မာရေတပ်က ပစ်ခတ် ဖမ်းဆီးမှုကြောင့် လှေတစ်စီးပေါ်က ငါးဖမ်းသမား တစ်ဦး ရေနစ်သေဆုံးပြီး နှစ်ဦး ဒဏ်ရာရကာ ဒါဇင်နဲ့ချီ ဖမ်းဆီးခံရပြီးနောက် အဲဒီလုပ်ရပ်ကို ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ဒီဇင်ဘာ ၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၃၀ ရက်က မြန်မာရေပိုင်နက်ထဲဝင်ရောက်လာတဲ့ ထိုင်းငါးဖမ်းလှေတွေကို ရေတပ်ရဲ့ပစ်ခတ်မှုနဲ့…

ဆီးရီးယားနိုင်ငံ မြို့တော် အလက်ပိုမြို့ထဲ သူပုန်တွေ တစ်ကျော့ပြန် ထိုးဖောက်ဝင်ရောက်

အမ္မာန်၊ နိုဝင်ဘာ ၃၀ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်အာဆတ်ကို ဆန့်ကျင်တဲ့ သူပုန်တွေဟာ အလက်ပိုမြို့ နှလုံးသည်း ပွတ်နေရာသို့ ရောက်ရှိနေပြီလို့ ပြောဆိုထားချိန်မှာ အာဏာပိုင်တွေက အလက်ပိုမြို့ လေဆိပ်ကို နိုဝင်ဘာ ၃၀ ရက်မှာ ပိတ်လိုက်တဲ့အပြင် အဲဒီမြို့ကို ဆက်သွယ်ထားတဲ့ လမ်းအားလုံးကိုလည်း ပိတ်ထားလိုက်ကြောင်း စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ် သုံးခုက ရိုက်တာ သတင်းဌာန…

အစိုးရဝန်ထမ်း လစာတိုးမြှင့်ရေး အဆိုကို ထိုင်းဝန်ကြီးများအဖွဲ့ အတည်ပြု

ဘန်ကောက်၊ နိုဝင်ဘာ ၃၀ ဘွဲ့ ဒီဂရီတစ်ခုခု ကိုင်ထားသူကို ဘတ် ၁၈၀၀၀ ထက်မနည်းစေရေး၊ အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရရှိထားသူ တစ်ဦးကို အနည်းဆုံး ဘတ် ၁၁၀၀၀ ပေးရေး အစိုးရဝန်ထမ်းအသစ်တွေအဖြစ် ခေါ်ယူထားသူတွေအတွက် စတင်ရရှိမယ့် လစာပမာဏ ညှိနှိုင်းရေး အဆိုကို ထိုင်းဝန်ကြီးများအဖွဲ့က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီလို လစာနှုန်းထား ပြန်လည်ပြင်ဆင်မှုကြောင့် ဘက်ဂျက်…