မလေးရှားပြည်နယ် ၅ ခုမှာ ဗုဒ္ဓဟူးနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမယ်
ကွာလာလမ်ပူ၊ ဇန်နဝါရီ(၂၃) မလေးရှားနိုင်ငံရဲ့ ပြည်နယ် ၅ ခုမှာ မိုးအဆက်မပြတ်ရွာသွန်းမှုတွေ ဖြစ်ပေါ်နေပြီး ဗုဒ္ဓဟူးနေ့အထိဆက်လက်ရွာသွန်းန ဦးမယ့် ပြည်နယ်တွေကိုလည်း မလေးရှားနိုင်ငံမိုးလေဝသနဲ့ ဇလဗေဌာနက ထုတ်ပြန်လိုက်ပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တဲ့ ပြည်နယ်တွေကတော့ တီရန်ဂါနူ၊ ပါဟန်၊ ဂျိုဟော်၊ ဆာရာဝက်နဲ့ ဆာဘက် ပြည်နယ်တွေဖြစ်တယ်လို့ သိရပါတယ်။ တနင်္လာနေ့အစောပိုင်းမှာ ထုတ်ပြန်ခဲ့သော မိုးအဆက်မပြတ်ရွာသွန်းမှု သတင်းအရ မလေးရှားနိုင်ငံ၊…
