နိုင်ငံတကာ

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားကြောင်း ဂျပန်ဝန်ကြီးချုပ် ပြော

တိုကျို၊ စက်တင်ဘာ(၂၁) မြောက်ကိုးရီးယားရဲ့ လက်နက်အစီအစဉ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုနေတဲ့အချိန် မှာပဲ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ဂျပန် ဝန်ကြီးချုပ် ဖူနီယိုကီရှိဒါက စက်တင်ဘာ ၂၀ ရက်နေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။ ဝန်ကြီးချုပ်ကီရှီဒါဟာ မြောက်ကိုးရီးယားနဲ့ ထိပ်သီးအစည်းအဝေးပြုလုပ်ဖို့ ဆန္ဒရှိကြောင်း လူသိရှင်ကြားကြေညာပြီးနောက် ရက်ပိုင်းအကြာမှာပဲ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အဲဒီကမ်းလှမ်းချက်ကို လူသိရှင်ကြား ထပ်လောင်းပြောကြား ခဲ့တာပါ။…

တော်ဝင်မိသားစုအပေါ် အသရေဖျက်မှုဥပဒေကို ဆွေးနွေးဖို့ လမ်းဖွင့်ပေးသင့်တယ်လို့ ထိုင်းဘုရင့်သားပြော

ဘန်ကောက်၊ စက်တင်ဘာ (၂၁) မကြာသေးမီနှစ်တွေအတွင်း လူပေါင်းရာနဲ့ချီ တရားစွဲဆိုခံထားရတဲ့ ထိုင်းတော်ဝင်မိသားစု အပေါ် အသရေဖျက်မှုဥပဒေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လမ်းဖွင့်ပေးသင့်တယ်လို့ ထိုင်းဘုရင့်ရဲ့ ဒုတိယမြောက်သားဖြစ်သူက တိုက်တွန်းပြောကြား လိုက်ပါတယ်။ ထိုင်းတော်ဝင်မိသားစုအပေါ် ဝေဖန်ပုတ်ခတ် စော်ကားမှုတွေကိုထိန်းချုပ်တဲ့ နိုင်ငံရဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ပွင့်ပွင့် လင်းလင်းလမ်းဖွင့်ဆွေးနွေးသင့်တယ်လို့ ထိုင်း ၁၀ ဆက်မြောက်ဘုရင့်ရဲ့ သားဖြစ်သူက မစ္စတာ ဗာချာရီဆွန်ဟာ…

စစ်ရာဇဝတ်မှုဆိုင်ရာခုံရုံး ICC ဆိုက်ဘာ ဖောက်ထွင်းခံရ

သည်ဟိတ်၊ စက်တင်ဘာ (၂၁) စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အလွန်အကဲဆတ်တဲ့အချက်အလက်တွေကို ကိုင်တွယ်နေရတဲ့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC)ရဲ့ ဆိုက်ဘာဖောက်ထွင်းခံရကြောင်း စက်တင်ဘာ ၁၉ ရက်နေ့မှာ အတည်ပြုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ICC က သူ့ရဲ့ကွန်ပျူတာကွန်ရက်မှာ ပုံမှန်မဟုတ်တဲ့ လုပ်ဆောင် ချက်တွေ တွေ့ရှိခဲ့ကြောင်းပြောဆိုခဲ့ပြီး မူမမှန်မှုတွေကို အခုထိလည်းတွေ့နေရဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာပါ။ ကွန်ပျူတာစနစ်ဟက်ခ်ခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး အပြည့်အဝဖြေရှင်းပြီးစီးမှုအခြေအနေ အပါအဝင် နောက်ကွယ်မှာ…

အိန္ဒိယအမြင့်ဆုံး သံအရာရှိကို ကနေဒါ နှင်ထုတ်

နယူးဒေလီ၊ စက်တင်ဘာ(၂၀) ဆစ်ခ်လူမျိုးခေါင်းဆောင်တစ်ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယရဲ့အမြင့်ဆုံး သံအမတ်ကို ကနေဒါအစိုးရက နှင်ထုတ်ခဲ့တာကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေး တင်းမာ နေကြောင်း သိရပါတယ်။ နှင်ထုတ်ခံရတဲ့အိန္ဒိယအရာရှိဟာ ထင်ရှားကျော်ကြားတဲ့ ဆစ်ခ်ခေါင်းဆောင် ဟာဒိ့ဆင်နီဂျာကို သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက သံသယရှိနေတာ ဖြစ်ပါတယ်။ ဒီလိုစိုးရိမ်ပူပန်နေရတဲ့အခြေအနေကို အိန္ဒိယဝန်ကြီးချုပ်မိုဒီထံ လူကိုယ်တိုင် တိုက်ရိုက်နည်းနဲ့ ပြောကြားခဲ့ပြီး ဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ်က အစောပိုင်းမှာ…

ရုရှားကိုဖိအားပေးဖို့ တရုတ်အားG7 ဝန်ကြီးတွေတိုက်တွန်း

တိုကျို၊ စက်တင်ဘာ(၂၀) ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ သီးခြားတွေ့ဆုံမှုမှာ ရုရှားရဲ့ရန်စမှုတွေရပ်တန့်နိုင်အောင် တရုတ်အနေ နဲ့ဖိအားပေးဖို့ G7 နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ G7 အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဂျပန်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာ အဖွဲ့ဝင်နိုင်ငံ တွေဟာ ယူကရိန်းမှ ရုရှားတပ်တွေကို အပြီးအပြတ်ခြွင်းချက်မရှိ ချက်ချင်းဆုတ်ခွာဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ ရုရှားကိုတွန်းအားပေးဖို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။ အဲဒီထုတ်ပြန်ချက်ဟာ တရုတ်နိုင်ငံရဲ့ထိပ်တန်းသံတမန်ဝမ်ရိ…

ဗီယက်နမ်တက်ကြွလှုပ်ရှားသူ ၂ ဦးကို ကန်အစိုးရ နိုင်ငံရေး ခိုလှုံခွင့်ပြု

ဝါရှင်တန်၊ စက်တင်ဘာ(၂၀) အမေရိကန်သမ္မတရဲ့ ဗီယက်နမ်ခရီးစဉ်မတိုင်ခင် ဗီယက်နမ်တက်ကြွလှုပ်ရှားသူနှစ်ဦးကို အမေရိကန်သို့ ပြောင်းရွှေ့အခြေချခွင့်ပေးဖို့ နှစ်ဖက်အစိုးရ သဘောတူညီရရှိခဲ့တယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။ ဒီတက်ကြွလှုပ်ရှားသူနှစ်ဦးကို ဗီယက်နမ်ကွန်မြူနစ်အစိုးရက မှားယွင်းထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ အမေရိကန်အစိုးရဘက်က ထင်မြင်ယူဆထားတာပါ။ ရဲတပ်ဖွဲ့ရဲ့ အလွဲသုံးစားပြုလုပ်နေမှုတွေအတွက် တာဝန်ခံမှုရှိဖို့ စည်းရုံးလှုံ့ဆော်ခဲ့တဲ့ ကက်သလစ်ဘာသာဝင် လူ့အခွင့်အရေးရှေ့နေတစ်ဦးဟာ မွေးရပ်ဇာတိမှ ပြည်နှင်ခံရပြီးနောက် သူ့ရဲ့မိသားစုဝင်တွေကလည်း အမေရိကန်ပြည်ထောင်စုကို သွားရောက်ဖို့အတွက် ဗီယက်နမ်ကို…

လူကြိုက်များတဲ့ မူဝါဒတွေ တိုးမြှင့်ချမှတ်ဖို့ ထိုင်းဝန်ကြီးချုပ်သစ် စီစဉ်

ဘန်ကောက်၊ စက်တင်ဘာ (၁၉) ထိုင်းနိုင်ငံဝန်ကြီးချုပ်အသစ် ဆရီထာသာဗီဇင်က သူရဲ့အစိုးရအနေနဲ့ လျှပ်စစ်မီတာခ ဖြည်း ဖြည်းချင်း လျှော့ချမှုနဲ့ နေ့စဉ်လုပ်အားခ မြှင့်တင်မှုပါဝင်တဲ့ လူနေမှုစရိတ်တွေလျှော့ချမယ့် မူဝါဒတွေကို အခုနှစ်ကုန်မှာ ပိုမိုချမှတ်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ ပါတယ်။ ထိုင်းပို့ကုန်တွေ ဝယ်လိုအားနည်းနေမှုနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုနည်းပါးလာမှုကို တုံ့ပြန်ဖို့အတွက် ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ ၁၁ ပါတီအစိုးရတို့ဟာ…

သမ္မတနှစ်ဦးတွေ့ဆုံဖို့ ကန်အမျိုးသားလုံခြုံရေးအကြံပေးနဲ့ တရုတ်ဝန်ကြီးတို့ ဆွေးနွေး

ဝါရှင်တန်၊ စက်တင်ဘာ (၁၉) သမ္မတနှစ်ဦး တွေ့ဆုံရေးအတွက် အမေရိကန်အစိုးရရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိက်ဆော်လီဗန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရီတို့ဟာ ပြီးခဲ့တဲ့သီးတင်းပတ်ကုန် ပိုင်းက မော်လ်တာကျွန်းစုမှာ တွေ့ဆုံခဲ့ကြပါတယ်။ စီးပွားရေးအရ အင်အားကြီးတဲ့ တရုတ်နဲ့အမေရိကန်နှစ်နိုင်ငံဟာ စိန်ခေါ်မှုတွေရှိနေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို တည်ငြိမ်အောင်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရနှစ်ဖက်လုံးက စက်တင်ဘာ ၁၇ ရက်နေ့မှာ အတည်ပြုပြောကြားထားတာပါ။ အိမ်ဖြူတော်နဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ရဲ့ သီးခြားထုတ်ပြန်ချက်တွေအရ…

အဖျက်သဘောဆောင်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ ထိုင်ဝမ်က တရုတ်ကိုတိုက်တွန်း

တိုင်ပေ၊ စက်တင်ဘာ(၁၉) ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေသိသိသာသာ မြင့်တက်လာတာ ကြောင့် အပျက် သဘောဆောင်နေတဲ့ ဒီလိုတစ်ဖက်သတ်လုပ်ဆောင်မှုကိုရပ်တန့်ဖို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက တရုတ် ကို စက်တင်ဘာလ (၁၈) ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။ ဒီမိုကရေစီနည်းကျအုပ်ချုပ်နေတဲ့ ကျွန်းနိုင်ငံကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ်ရှုမြင်နေတဲ့ တရုတ် နိုင်ငံကသူ့ရဲ့ အချုပ်အခြာအာဏာကို အခိုင်အမာတောင်းဆိုဖို့နဲ့ တိုင်ပေကို ဖိအား တွေပေးဖို့ ကြိုးပမ်းမှုတွေလည်း လုပ်ဆောင်နေတာပါ။…